ဓာတ်မြေသြဇာဈေးနှုန်းများ (4-3-13)

ဒီတစ်ပတ် မြေသြဇာ အဝင်ပိုခဲ့ပြည်တွင်းကို ဖေဖော်ဝါရီ ၁၇ ရက်မှ ၂၃ ရက်အတွင်းမှာ မြေသြဇာ ၂၁၉၂ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ခုနှစ်သိန်းကျော်ဖိုးကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်တင်သွင်းခဲ့ တဲ့ မြေသြဇာ တွေမှာ ထိုင်းကွန်ပေါင်းမြေသြဇာ တန်ချိန် ၇၂၀၊ NPK ၁၆း၁၆း၈ တန်ချိန် ၁၂၀၀၊ အင်ဒိုနီးရှားမြေသြဇာ ၂၂ တန်ဖြစ်ပါတယ်။ MIRT (DOT)

 
ဆီအုန်းပင်စိုက်ပျိုးရေးအတွက် ကော့သောင်းနယ်စပ်မှ ဓာတ်မြေသြဇာသွင်းမြန်မာ-ထိုင်းနယ်စပ်ရှိ ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းမှာ ဖေဖော် ဝါရီလ ၂၀ ရက်မှ ၂၆ ရက်ထိ ကန်ဒေါ်လာ သုည ဒသမ ၀၅၉ သန်း တန်ဖိုးရှိ ဓာတ်မြေသြဇာ တန် ၃၄၀ တင်သွင်းခဲ့ပါတယ်။ တင်သွင်းလာတဲ့ ဓာတ်မြေသြဇာ များကို ကော့သောင်းမြို့မှ ၆၅ မိုင် အကွာ ဘုတ်ပြင်းဒေသရှိ ဆီအုန်းပင်များ စိုက်ပျိုးရာတွင် အသုံးပြုရန်အတွက် မှာယူတာဖြစ်ကြောင်း နယ်စပ်ကုန်သည် တစ်ဦးထံမှ သိရှိရပါတယ်။ တင်သွင်းတဲ့ အမျိုးအစားတွေကတော့ အမိုးနီးယမ်း ဆာလဖိတ်နဲ့ ကွန်ပေါင်း ၁၅ ပတ်လည်တို့ ဖြစ်ပါတယ်။ အမိုးနီးယမ်းဆာလဖိတ်      တစ်အိတ်လျှင် ဒေသပေါက်ဈေး ကျပ် ၁၅၀၀၀ ရှိပြီး ကွန်ပေါင်း ၁၅ ပတ်လည် တစ်အိတ်လျှင် ထိုင်းဘတ်ငွေ ၁၀၅၀ ဘတ်၊ မြန်မာငွေ ၃၁၅၀၀ ကျပ် ဈေးရှိ ကြောင်း သိရပါတယ်။ဖေဖော်ဝါရီလနောက်ဆုံးပတ်တွင် ကန်ဒေါ်လာ ၃ ဒသမ ၁၁၉ သန်းတန်ဖိုးရှိ ဓာတ်မြေသြဇာ ၁၅၃၇၁ တန်ခန့်တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ နယ်စပ်အလိုက် တင်သွင်းမှုတွေကတော့ မူဆယ်မှ ၁၄၄၄၈ တန်ကျော်၊ ကော့သောင်းမှ တန် ၃၄၀၊ ရိဒ်မှ ၂၅၂ တန်ကျော်နဲ့ မြိတ်မှတန် ၃၃၀ အသီးသီးဖြစ်ပါတယ်။ ဖေဖော်ဝါရီလ အတွင်းနယ်စပ်မှ ဓာတ်မြေသြဇာ ၅၅၁၂၂ တန်ကျော်တင်သွင်းထားပြီး အနီးစပ်ဆုံး လနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ၇၅၄ တန်ခန့် ပိုမိုတင်သွင်းခဲ့ကြောင်း တွေ့ရပါတယ်။   ဆွေဆွေဝင်း
အရောင်းအေး ဈေးအေးနေတဲ့ ဓာတ်မြေသြဇာယခုသီတင်းပတ်တွင် ပြည်တွင်းကို ရေလမ်းမှ မြေသြဇာအဝင်က  ယခင်တစ် ပတ်ထက် တန်ချိန် တစ်ထောင့်ရှစ်ရာကျော် ပိုခဲ့သလို နယ်စပ်မှ လည်း ဒီတစ်ပတ် အဝင် တန်ချိန်ခြောက်ထောင်ကျော် ပိုခဲ့တယ်လို့သိရပါတယ်။ ဒီတစ်ပတ် မြေသြဇာ ဈေးက ရန်ကုန်မှာ ဈေးအနည်းငယ်မြင့်ပေမဲ့ ကျန်ဒေသတွေ မှာတော့ ယခင်ဈေးနဲ့ အရောင်းအဝယ်ဖြစ်တယ်လို့  သိရပါတယ်။ပြည်တွင်းဈေးကွက်များဖြစ်တဲ့ တောင်ကြီး၊ မကွေး၊ မော်လမြိုင်ဈေးကွက်တွေမှာ  ဈေးငြိမ်နေသလို အရောင်း အဝယ်လည်းအေးနေပြီး မန္တလေးမှာ ဈေးအနည်းငယ်ကျ လာပေမဲ့ ရန်ကုန်မှာ မြေသြဇာဈေး အနည်းငယ်မြင့်နေတယ် လို့ သိရပါတယ်။    ရန်ကုန်မြေသြဇာဈေးကွက်မှာ နွေစပါး စိုက်ပျိုးဒေသ တွေက အမှာရှိတာကြောင့် အဝယ်လိုက်တယ်။ တရုတ်မြေ သြဇာက ဈေးအနည်းငယ်မြင့်လာပေမဲ့ အိန္ဒိယဘက်မှဝင်တဲ့ မြေသြဇာက ဈေးအနည်းငယ် ကျလာပါတယ်။ ထိုင်းဘက်မှ ဝင်တဲ့မြေသြဇာက ဈေးကွက်ထဲ ပစ္စည်းပြတ်နေတာကြောင့် ဈေး  နည်းနည်းတက်တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် စော်ဘွားကြီးကုန်းမှာရှိတဲ့ မြေသြဇာဈေးကွက်မှာ အရောင်း အဝယ်ဖြစ်နေတဲ့ဈေးက ယူရီးယား-ပုလဲ (ရွှေတောင်-တရုတ်) ၁၉၆၀၀ကျပ်၊ ယူရီးယား (နေရွက်လှေ-တရုတ်) ၁၉၆၀၀ ကျပ်၊ တီစူပါ (သံကွင်း-တရုတ်) ၁၉၀၀၀ ကျပ်၊ ပိုတက် (ထိုင်း)၃၈၀၀၀ ကျပ်၊ ပိုတက် (ကနေဒါ)  ၂၃၅၀၀ ကျပ်၊ ပိုတက် (အိန္ဒိယ) ၂၃၅၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ် လို့ စုံစမ်းသိရှိရပါတယ်။မန္တလေးဈေးကွက်မှာ  ဒီအချိန်က ကြက်သွန်နီ နုတ်နေ ဆဲအချိန်ဖြစ်တာကြောင့် မြေသြဇာက အသုံးမရှိသေးဘူးလို့ သိရပါတယ်။ အဝယ်နည်းသလို မြေသြဇာဈေး ကျတယ်ဆို ပေမဲ့ တစ်အိတ်ကို နှစ်ရာ၊ သုံးရာအတွင်းပဲ ကျတယ်လို့ သိရ ပါတယ်။ ဒီတစ်ပတ် ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးနှုန်းက ယူရီးယား(ရွှေတောင်-တရုတ်) ၁၈၅၀၀ ကျပ်၊ ယူရီးယား (ပန်းဖူး-တရုတ်) ၁၈၄၀၀ကျပ်၊ တီစူပါ (GTSP ၄၆%-တရုတ်) ၁၈၀၀၀ ကျပ်၊ တီစူပါ (GSSP ၁၆%-တရုတ်) ၇၂၀၀ကျပ်၊  တီစူပါ (GSSP ၁၂%-တရုတ်) ၆၈၀၀ ကျပ်၊ အာမို ၁၅း၁၅း ၁၅း (တရုတ်) ၃၅၅၀၀ ကျပ်၊ အာမို ၁၀း၁၀း၅  ၁၂၂၀၀ကျပ် ဈေးရှိတယ်လို့ ၈၅-၈၆ ကြား ပွဲရုံ တန်းမှာရှိတဲ့  စိုက်ပျိုးရေးအရောင်းဆိုင်မှ စုံစမ်းရရှိခဲ့ပါတယ်။တောင်ကြီးဈေးကွက်မှာ မြေသြဇာက ဒီတစ်ပတ်မှာ လည်း အရောင်းအဝယ်အေးတယ်လို့ သိရပါတယ်။ ဒီအချိန် က ကြက်သွန်ဖြူ နုတ်သိမ်းချိန် ဖြစ်တာကြောင့် မြေသြဇာ အသုံး နည်းတယ်။ ဒါကြောင့် ရောင်းအားလည်း ကျလာ တယ်။ မြေသြဇာအရောင်းအဝယ်က မေလလောက်မှ ပြန်ပြီး ကောင်းနိုင်လိမ့်မယ်လို့ ခန့်မှန်းကြပါတယ်။ ဒီတစ်ပတ် ဈေး ကွက်ထဲ အရောင်းအဝယ်ဖြစ်တဲ့ဈေးမှာ ယူရီးယား(ကမ္ဘာလုံး) (တရုတ်)၊ ယူရီးယား (ရွှေတောင်)နဲ့ ယူရီးယား (ပန်းဖူး)တို့က ၁၉၅၀၀ ကျပ်စီ၊ တီစူပါ၁၂%-တရုတ် ၈၀၀၀ ကျပ်၊ တီစူပါ ၁၆% (တရုတ်) ၈၅၀၀ကျပ်၊ ပိုတက်(တရုတ်) ၂၄၀၀၀ကျပ်၊ တီစူပါ ၁၅း၁၅း၁၅ (တရုတ်) ၃၅၀၀၀ ကျပ်၊ တီစူပါ ၁၀း၁၀း၅ (တရုတ်) ၁၃၅၀၀ ကျပ်၊ ဓာတ်ဆား (တရုတ်)  ၁၃၀၀၀ ကျပ်၊ မြားကမ္ဘာ ၁၃၅၀၀ ကျပ် ဈေးရှိတယ်လို့  မြေသြဇာ အရောင်းဆိုင်မှ စုံစမ်းသိရှိရပါတယ်။ပဲခူးဈေးကွက်မှာ ဒီတစ်ပတ်မှာလည်း အရောင်းအဝယ် အေးတယ်လို့ မြေသြဇာရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦး က ပြောပါတယ်။ အရောင်းအဝယ် အေးတာကြောင့် ဈေးက လည်း ကျလာတယ်။ ဒီတစ်ပတ် အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးက ယူရီးယား(ပန်းဖူး) ၂၀၂၀၀ ကျပ်၊ ရွှေတောင်(တရုတ်) ၁၉၄၀၀ ကျပ် နဲ့ ကမ္ဘာလုံး(တရုတ်) ၂၀၀၀၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်တယ်လို့ သိရပါတယ်။MIRT (DOT)