သီရိမာလာဈေးကြီးမှာ ပန်းမုန်လာတွေ အရောင်းသွက်
ဒီတစ်ပတ် သီရိမာလာဈေးကြီးရဲ့ ဟင်းသီးဟင်းရွက်ဈေးကွက်မှာ ဂေါ်ဖီ၊ ခါကြက်ဥ၊ မုန်ညင်းတွေကတော့ အရင် ပတ်ထက် အဝင်ပိုခဲ့ပါတယ်။
မုန်လာဥ၊ ဂေါ်ရခါးသီး၊ ဘိုစားပဲသီး၊ ပန်းမုန်လာနဲ့ ခရမ်းချဉ်သီးတွေကတော့ အဝင်နည်းခဲ့ပါတယ်။ဈေးကြီးရဲ့ ရောင်း ဝယ်မှုကတော့ ဒီတစ်ပတ်မှာ ပန်းမုန် လာတွေ အရောင်းအဝယ် ကောင်းပါ တယ်။ ဈေးလည်း ၅၀ ကျပ်လောက် မြင့်လာပါတယ်။ ကျန် ဟင်းသီးဟင်း ရွက်တွေကတော့ အရောင်းအေးတယ် လို့ သိရပါတယ်။ ဘိုစားပဲသီးကတော့ အရောင်းအေးပေမဲ့ အဝင်နည်းတာ ကြောင့်အရင်အပတ်ထက် ဈေးကောင်း လာတယ်။ ဒီတစ်ပတ်ဝင်တဲ့ ဂေါ်ရခါး သီးတွေက ပြင်ဦးလွင်ကမဝင်တော့ဘူး။ အင်းထဲကပဲဝင်တယ်။ ဒါကြောင့်အဝင် နည်းတယ်လို့ သိရပါတယ်။ ခရမ်းချဉ်သီးတွေကတော့ ဗမာသီး တွေ ကုန်သလောက်ရှိပြီး အင်းသီး ကတော့ အဝင်မရှိပါဘူး။ အခုဝင်နေ တာက ကျောက်တံတား၊ မတ္တရာ၊ မုံရွာဘက်က ထိုင်ဝမ်သီးတွေ ဝင်နေ တယ်။ အဝင်နည်းပေမဲ့ ဈေးမြင့်မသွား ဘူးလို့သိရပါတယ်။ မန္တလေးအနီးက လည်း ဒေသထွက်တွေ သုံးစွဲနေတာ ကြောင့် အဝင်အထွက် မျှနေပါတယ်။ ဈေးကြီးရဲ့ဒီတစ်ပတ်ဈေးတွေကတော့ မုန်လာဥ ၅ စီးတစ်တွဲ ၃၀၀ ကျပ်၊ ၃၅၀ ကျပ်၊ ဂေါ်ဖီတစ်ထုပ် ၁၀၀ ကျပ်၊ ၁၅၀ ကျပ်၊ မုန်ညင်းတစ်ပိဿာ ၂၅၀ ကျပ်၊ ၃၀၀ ကျပ်၊ ဘိုစားပဲသီးတစ်ပိဿာ ၇၀၀ ကျပ်၊ ၈၀၀ ကျပ်၊ ပန်းမုန်လာ တစ်ထုပ် ၁၅၀ ကျပ်၊ ၂၀၀ ကျပ်၊ ခါကြက်ဥတစ်ပိဿာ ၄၀၀ ကျပ်၊ ၄၅၀ ကျပ်၊ ဂေါ်ရခါးသီးတစ်လုံး ၈၀ ကျပ်၊ ၁၀၀ ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာ ထိုင်ဝမ် ၁၅၀ ကျပ်၊ ၂၀၀ ကျပ်ဈေးရှိ တယ်လို့ ပွဲရုံပိုင်ရှင်တစ်ဦးထံက သိရပါ တယ်။ အေးအေးတင့်-မန္တလေး
