ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲဈေးမြင့်ပြီး ပဲစင်းငုံနီဈေးတန့်နေ

ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ် မတ်ပဲ(RC) ကို အိန္ဒိယ အဆွဲပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာ ရင် ဈေးမြင့်လာတယ်လို့ ဈေးကွက်အတွင်းမှ သိရပါတယ်။ ဈေးကွက်စဖွင့်ချိန်မှာ ဒိုင်ပြင်ပ ဈေးကွက်တွင် မတ်ပဲ (RC) တစ်တန်ကို ၄၅၂၀၀၀ ကျပ်နဲ့ အိတ်စပို့ အဆွဲရှိခဲ့ရာက နောက်ပိုင်းရက်တွေ မှာ ဈေးပေးအဝယ်ရှိလာ တာ ကြောင့်ဈေးကွက်ပိတ်ချိန်မှာ တစ်တန်ကို ၄၇၈၀၀၀ ကျပ်ဈေးထိဈေး မြင့်ခဲ့ပြီး အရောင်းအဝယ်နေ့စဉ်ဖြစ်ခဲ့ တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပဲစင်းငုံနီ(RC)ကိုလည်း အိတ်စပို့ဝယ်လက်နဲ့ ပြည်တွင်းပဲခွဲစက်တွေ ဝယ်လိုအားပုံမှန် ထက်စာရင် အနည်းငယ်လျော့သွားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအပြောင်းအလဲမရှိဘဲ တစ်တန်ကို ၆၂၀၀၀၀ ကျပ်ဈေးနဲ့ ဒိုင်ပြင်ပဈေးကွက်မှာ အရောင်းအဝယ်ဖြစ်မှု အနည်းငယ်လျော့သွားတယ်လို့ ဈေးကွက်အတွင်းမှ သိရပါတယ်။