အောင်လံဈေးကွက်မှာ သိပ္ပံနှမ်းဈေးဆက်မြောက်ပြီး ပဲစင်းငုံနီဈေးကျလာ

အောင်လံဈေးကွက်မှာ ဒီတစ်ပတ်  သိပ္ပံနှမ်းကို အိတ်စပို့အ တွက်ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက် က ဈေးပေးအဝယ်ရှိသလို ဝယ် အားပါများလာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးသိသာစွာမြင့် လာပြီး တစ်ပိဿာကို ၃၂၂၁ ကျပ်ဈေးနဲ့ တစ်ရက်ကိုအိတ် ၄၀၀ မှ ၇၀၀ ကြား အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပဲစင်းငုံနီကို ရန်ကုန်အဆွဲအီသွားသလို ရောင်းလက်များကလည်း ဈေးကွက်မျှော်လင့်ချက်နဲ့ အရောင်းနည်းသွားတယ်လို့ ဈေးကွက်အ တွင်းမှ သိရပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၁၀၀၀ ကျပ်(တစ်တန်ကို ၆၁၂၃၉၀ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၅၀၀ ခန့်သာဖြစ်ခဲ့တယ်လို့ သိရပါတယ်။