လားရှိုးဈေးကွက်မှာ ပြောင်းဈေးအနည်းငယ်ကျပေမယ့် အရောင်းအဝယ်တော့ ပုံမှန်ရှိနေ
လားရှိုးဈေးကွက်မှာ ဒီတစ်ပတ် ပြောင်းက ဈေးကွက်သို့ ဝင် ရောက်မှုပုံမှန်ရှိသလို တရုတ်ဝယ်လက်ကလည်း ဝယ်အားပုံမှန်ရှိပေ မယ့် ရောင်းသူကုန် သည်များ အရောင်းများတာကြောင့် ဈေးကွက် သဘောသဘာ၀ အရ ဈေးကအနည်းငယ်လျော့ သွားတယ် လို့ ဒေသခံ ပြောင်းကုန်သည်တစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၄၇၀ ကျပ်ဈေးနဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၂၂၀၀၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
