မူဆယ်မှာ ပြောင်းအရောင်းအဝယ်ဖြစ်မှုနည်းလို့ ဈေးတန့်နေ

မူဆယ်ဈေးကွက်မှာ ဒီတစ်ပတ် ပြောင်းကို တရုတ်အဆွဲနည်း လို့ ဈေးအပြောင်းအလဲမရှိဘဲ ဈေးတန့်နေတယ်လို့ ဆိုပါတယ်။ အ ရင်အပတ်တွေက ပြောင်းကို တရုတ်နဲ့ ချိတ်ဆက်ပြီး တိုက်ရိုက်အ ရောင်းအဝယ်ရှိနေပေမယ့် ဒီတစ်ပတ်မှာ တရုတ်အဆွဲအီသွားလို့ အောက်ကကုန်တွေ သိပ်မတက်ဘူးဖြစ်နေတယ်။ အခုတက်လာ တဲ့ ပြောင်းတွေကို သိုလှောင်ရုံမှာပဲ စုပုံချနေတယ်လို့ ဒေသခံပြောင်း ကုန်သည်တစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပတ် အတွင်း မက်တန် ၇၇၀၀ ခန့်သာဖြစ်ခဲ့တယ်လို့ သိရပါတယ်။