ကုန်စည်ဒိုင်အသီးသီး၏ လက်ရှိအရောင်းအဝယ်ဖြစ်နေသော ဈေးနှုန်းများနှင့် ဈေးကွက်အခြေအနေ (၈-၃-၂၀၁၃)
* မတ်ပဲကို အိန္ဒိယအဆွဲနဲ့ ပြည်တွင်းခွဲစက်တွေ ဝယ်အားပုံမှန်ရှိလို့ ဘုရင့်နောင်၊ ဟင်္သာတနဲ့ ပြည်မှာ ဈေးမြင့်လာ * ပဲစင်းငုံနီကို ပြည်ပအဆွဲလျော့လို့ ဈေးကွက်တိုင်းမှာ အောက်ဈေးနဲ့ အရောင်းအဝယ်ဖြစ် * ပဲတီစိမ်း(အညာ)ထက် ပဲတီစိမ်း(ခရမ်းရွှေဝါ)ကိုသာ တရုတ်အကြိုက်တွေ့ * ကုလားပဲဖြူလုံးကြီး(သစ်)တွေကို ရန်ကုန်နဲ့ ခွဲစက်တွေ ဈေးပေးအဝယ်ရှိလာ * ပြောင်းကို တရုတ်နဲ့ ရန်ကုန်ဝယ်လက်က ဈေးချအဝယ်ရှိနေ * နှမ်းမျိုးစုံကို တရုတ်ဝယ်လက်နဲ့ မြို့ခံဆီစက်တွေ ဝယ်လိုအားပုံမှန်ရှိ
