ဟင်္သာတဈေးကွက်မှာ မတ်ပဲအဝင်ရှိသလောက် ရန်ကုန်အဆွဲရှိ

ဟင်္သာတဈေးကွက်မှာ ဒီတစ်ပတ် မတ်ပဲက ဈေးကွက်သို့ ဝင် ရောက်မှုတိုးလာသလို ရန်ကုန်ဝယ်လက်ကလည်း အဝင်ရှိသလောက် ဝယ်အားရှိခဲ့တယ်လို့ မြို့ခံကုန်သည်တစ်ဦးကဆိုပါတယ်။ အရောင်း အဝယ်အနေနဲ့ တစ်ပိဿာကို ၇၇၅ ကျပ်(တစ်တန်ကို ၄၇၄၆၀၂ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၁၀၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါ တယ်။ ဒေသထွက်ပဲပုပ်ကိုလည်း ရန်ကုန်ဝယ်လက် ဝယ်အားပုံမှန်ရှိသလို ရောင်းလက်များကလည်း အဆိုပါဈေးနဲ့ အရောင်းပုံမှန်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက  တစ်ပိဿာ ၈၆၀ ကျပ် (တစ် တန်ကို ၅၂၆၆၅၅ ကျပ်)ဈေးနဲ့ နေ့စဉ် အိတ် ၆၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။