ပြည်တွင်းဈေးကွက်အများစုတွင် ဧည့်မထဈေးမြင့်လာသလို ဈေးကွက်အနည်းစုတွင် ဆန်ချောဈေးမြင့်နေ
ရန်ကုန်တိုင်းဒေသကြီး၊ ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)ရဲ့ ၂၀၁၃ ခုနှစ်၊ မတ်လ ၈ ရက်နေ့ စပါး၊ ဆန် ဈေးကွက်မှာ ဧည့်မထ ဆန်လတ်စ တစ်အိတ် ၁၅၈၀၀ ကျပ်၊ ပေါ်ဆန်းဆန်လတ်စ တစ် အိတ် ၁၈၀၀၀ ကျပ်ဖြစ်ပါတယ်။ယခင်တစ်ပတ်နဲ့နှိုင်းယှဉ်ရင် ဧည့်မထ ဆန်ဈေး အနည်းငယ်ကျသွား ပါတယ်။ ပေါ်ဆန်း ဆန်ဈေးမှာ ယခင် တစ်ပတ်အတိုင်း ဈေးနှုန်းပြောင်းလဲမှုမရှိပါ။ ရန်ကုန်ဆန်ကြမ်းဈေးနဲ့ မူဆယ်နယ်စပ်ပေါက်ဈေး မကိုက်ဖြစ်နေကြောင်း၊ အချို့ဒေသတွင် နွေစပါး စပေါ်လာခြင်းတို့ကြောင့် ဧည့်မထဆန်ဈေး အနည်းငယ် ကျနေရခြင်းဖြစ်ကြောင်း၊ ဆန်စပါးကုန်စည်ဒိုင်တွင် ဆန်ချောဈေး နှုန်းနဲ့ အရောင်းအဝယ်မှာလည်း ပုံမှန်သာရှိနေ ပါကြောင်း ဆန်ဈေး ကွက်မှ သိရှိရပါတယ်။
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့ရဲ့ ၂၀၁၃ ခုနှစ်၊ မတ်လ ၈ ရက်နေ့ စပါး၊ ဆန်ဈေးကွက်မှာ ဧည့်မထစပါးဈေး တစ်တင်း ၃၇၀၀ ကျပ်၊ ဧည့်မထဆန် လတ်စ တစ်အိတ် ၁၃၆၀၀ ကျပ်၊ ပေါ်ဆန်းဆန် လတ်စ တစ်အိတ် ၂၃၅၀၀ ကျပ်ဖြစ်ပါတယ်။ ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ရင် ဆန်ဈေးနှုန်းများ အနည်းငယ်တက်လာ ပါတယ်။ ဒေသတွင်းစားသုံးမှုကြောင့် ပစ္စည်းပေါ်မူတည်၍ ဆန် အများဆုံးအရောင်းအဝယ်ဖြစ်နေပြီး စပါးကတော့ အရောင်းအဝယ် ပုံမှန်သာ ရှိပါတယ်။ ရန်ကုန်၊ မန္တလေးမြို့များသို့ ပုံမှန်တင်ပို့မှုရှိ နေကြောင်း သိရှိရပါတယ်။ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ရဲ့ ၂၀၁၃ ခုနှစ်၊ မတ်လ ၈ ရက်နေ့ စပါး၊ ဆန်ဈေးကွက်မှာ ဧည့်မထစပါးဈေး တစ်တင်း ၃၃၇၀ ကျပ်၊ ဆန်လတ်စ တစ်အိတ် ၁၄၂၀၀ ကျပ်၊ ပေါ်ဆန်းစပါးတစ်တင်း ၄၈၀၀ ကျပ်၊ ဆန်လတ်စ တစ်အိတ် ၁၉၅၀၀ ကျပ်ဖြစ်ပါတယ်။ ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ရင် ဧည့်မထ စပါးဈေး၊ ဆန်ဈေးငြိမ်နေပြီး ပေါ်ဆန်း စပါးဈေး၊ ဆန်ဈေးအနည်းငယ်တက်လာပါတယ်။ နွေစပါး ပေါ်ချိန်ရောက်ခါနီး တာကြောင့် ဈေးငြိမ်နေခြင်း ဖြစ်ကြောင်း၊ ပြည်ပ တင်ပို့မှုအနေနဲ့ မြဝတီ၊ မူဆယ်၊ မန္တလေးမြို့များသို့ ပုံမှန်တင်ပို့မှုရှိနေ ပါတယ်။ ပေါ်ဆန်း ဆန်စားသုံးသူများ ဝယ်လှောင်နေကြတဲ့အချိန် ဖြစ်လို့ အရောင်းအဝယ် သွက်ပြီး ဈေးအနည်းငယ်တက်ခြင်း ဖြစ် ကြောင်း သိရှိရပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ရဲ့ ၂၀၁၃ ခုနှစ်၊ မတ်လ ၈ ရက်နေ့ စပါး၊ ဆန်ဈေးကွက်မှာ ဧည့်မထ(မနော်) စပါးဈေး တစ်တင်း ၆၀၀၀ ကျပ်၊ ဆန်လတ်စ တစ်အိတ် ၂၃၀၀၀ ကျပ်၊ ပေါ်ဆန်းဘေးကြား စပါးဈေးတစ်တင်း ၇၀၀၀ ကျပ်၊ ဆန်လတ်စ တစ်အိတ် ၂၄၀၀၀ ကျပ်ဖြစ်ပါတယ်။ ယခင်တစ်ပတ်နဲ့နှိုင်းယှဉ်ရင် ဆန်ဈေး၊စပါးဈေး အနည်းငယ်တက်လာပါတယ်။ ဧည့်မထ (မနော်) နဲ့ စောရှုတ်ကတော့ အစိုက်နည်းလို့ ပစ္စည်းရှားတာကြောင့် ဈေး အနည်းငယ်တက်ခြင်းဖြစ်ပါတယ်။ စက်ပိုင်တွေက သူတို့အနေနဲ့ တွက်ခြေကိုက်မယ့်ဈေး စပါးတစ်တင်း ၆၀၀၀ ကျပ်၊ ၆၂၀၀ ကျပ်ပေးပေမဲ့ တောင်သူတွေက ၆၅၀၀ ကျပ်ရမှ ရောင်းမယ်ဆိုပြီး တင်းခံနေ ကြကြောင်း၊ ရှေ့ဆက်ပြီးလည်း တက်ရိပ်ဘက်ကို အားသာ နေတယ်လို့ သိရှိရပါတယ်။ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရဲ့ ၂၀၁၃ ခုနှစ် မတ်လ ၈ ရက်နေ့ စပါးဆန်ဈေးကွက်မှာ ဧည့်မထဆန်လတ်စ တစ်အိတ် ၁၇၀၀၀ ကျပ်၊ ပေါ်ဆန်း ဆန်လတ်စ တစ်အိတ် ၂၄၀၀၀ ကျပ်ဖြစ် ပါတယ်။ ယခင်တစ်ပတ် နဲ့ နှိုင်းယှဉ်ရင် ဧည့်မထဆန်ဈေးအနည်းငယ် တက်လာပါတယ်။ တောင်ကြီးဈေးကွက်မှာ ဆန်ချောများဖြစ်တဲ့ ငကျွဲနဲ့ ပေါ်ဆန်းမှာဈေးငြိမ်နေပြီး ဧည့်မထအုပ်စုဖြစ်တဲ့ ဧည့်မထ၊ မနောသုခ၊ ဇီယာစတဲ့ ဆန်များ မှာ ဈေးတက်လာကြောင်း သိရပါ တယ်။ ပြည်ပတင်ပို့ရန်ဝယ်ယူမှုများရှိနေလို့ ဈေးတက်လာခြင်းဖြစ် တယ်လို့ သိရှိရပါတယ်။ MIRT- MAPT
