ကော့သောင်းနဲ့ မောင်တောမှအပ ကျန်နယ်စပ်များတွင် ဒေသဆန်ဈေးများ တည်ငြိမ်လျက်ရှိ
နယ်စပ်ကုန်သွယ်ရေးစခန်းများအနက် ကော့သောင်းနဲ့မောင်တောနယ်စပ်ဒေသရှိ ဆန်ဈေးများ အနည်းငယ် ကျလာတာကိုတွေ့ရပြီး ကျန်နယ်စပ်ဒေသအသီးသီးတွင် ယခင်အပတ်ဆန်ဈေးနှုန်းအတိုင်းတည်ငြိမ်နေတယ်လို့ သိရပါတယ်။ ကော့သောင်း နယ်စပ်မှာ ယခင်အပတ်ကထက်ဆန်ဈေးပြန်ကျလာတာကိုတွေ့ရပြီး၊ ယခင်အပတ် ကပေါ်ဆန်မွှေး ၁ ပြည်ကို ၁၇၀၀ ကျပ်ဈေးရှိခဲ့ရာမှ ယခုအပတ်မှာ ၁၄၀၀ ကျပ် သို့ကျခဲ့တာဖြစ်ပါတယ်။ မောင်တော နယ်စပ်မှာ ယခင်အပတ်ကဧည့်မထဆန် ၁ပြည်ကို ၆၅၀ ကျပ်ဈေးရှိခဲ့ရာမှ ယခုအပတ်တွင် ၆၀၀ ကျပ်သို့ဈေး အနည်းငယ် ကျလာတာ တွေ့ရပါတယ်။
ယခုအပတ် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်မှ မတ်လ ၅ ရက်ထိ နယ်စပ်ဒေသများရှိ ဆန်တစ်ပြည် ဈေးနှုန်းများကို Commerce Journal စာဖတ် ပရိတ်သတ်များကိုအသိပေးလိုက်ရ ပါတယ်။ ပေါ် ဆန်မွှေး ၁ ပြည် ကို မူဆယ်မှာ ၁၆၅၀ ကျပ်၊ လွယ်ဂျယ်မှာ ၁၇၉၂ ကျပ်၊ ချင်းရွှေဟော်မှာ ၂၀၀၀ ကျပ်၊ ကော့ သောင်း မှာ ၁၄၀၀ ကျပ်၊ မြိတ်မှာ ၁၃၀၀ ကျပ်၊ စစ်တွေမှာ ၈၀၀ ကျပ်ဈေး အသီးသီးရှိပါတယ်။ ဧည့်မထဆန် ၁ ပြည်ကိုတာချီလိတ်ဒေသမှာ ၈၅၃ ကျပ်၊ မြဝတီဒေသမှာ ၁၀၀၀ ကျပ်၊ မောင်တောဒေသမှာ ၆၀၀ ကျပ်ဈေးရှိပါတယ်။ ဧရာမင်းဆန် တစ်ပြည်ကို တမူးနဲ့ရိဒ်နယ်စပ်များမှာ ၉၀၀ ကျပ်ဈေးအသီးသီးဖြစ် ကြောင်း သိရပါတယ်။ MIRT (DOBT)
