ပုံမှန်အရောင်းအဝယ်၊ အဝင်အထွက်ကြောင့် ပြည်တွင်းဆန်ဈေးကွက် အများစုဈေးငြိမ်နေ

ရန်ကုန်တိုင်းဒေသကြီး၊ ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)ရဲ့ ၂၀၁၃ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့ စပါး၊ ဆန်ဈေးကွက်မှာ ဧည့်မထ ဆန်လတ်စ တစ်အိတ် ၁၅၈၀၀ ကျပ်၊ ပေါ်ဆန်းဆန် လတ်စ တစ်အိတ် ၁၈၅၀၀ ကျပ် ဖြစ်ပါတယ်။ ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ရင် ဧည့်မထဆန် ဈေးငြိမ်နေပြီး၊ ပေါ်ဆန်းဆန်ဈေး အနည်းငယ် တက် လာပါတယ်။ ယခုတစ်ပတ်မှာ ဆန်ချောအဝယ်လိုက်နေသဖြင့် ဈေး တက်ရခြင်းဖြစ်တယ်လို့ သိရပါတယ်။ တရုတ်မူဆယ်လိုင်းမှာ လည်း ဆန်ကြမ်းဈေးမကိုက်၍ငြိမ်နေကြောင်း၊ မြဝတီနယ်စပ်လိုင်း ဆန် မဆွဲတာ ကြာပြီဖြစ်ပြီး ဒေသသုံးသာသွားနေကြောင်း၊ ဧရာဝတီဘက် မှ နွေဆန်အချို့ကုန်စည်ဒိုင်သို့ ဝင်ရောက်လာပြီဖြစ်ခြင်းတို့ကြောင့် ဧည့်မထဆန်ဈေး ငြိမ်ရခြင်းဖြစ်ပါတယ်။ ဆန်ဈေးကွက်အနေဖြင့် ဆန်အဝင်နည်းပေမဲ့ ဈေးငြိမ်နေကြောင်း ဈေးငြိမ်ပေမဲ့ ဆန်ဈေးတော့ မကျနိုင်လောက်ကြောင်း ဆန်ကုန်သည် များက ဆိုပါတယ်။

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့ရဲ့ ၂၀၁၃ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့ စပါး၊ ဆန်ဈေးကွက်မှာ ဧည့်မထစပါးဈေး တစ်တင်း ၃၇၀၀ ကျပ်၊ ဆန်လတ်စတစ်အိတ် ၁၃၆၀၀ ကျပ်၊ ပေါ် ဆန်းဆန်လတ်စတစ်အိတ် ၂၃၅၀၀ ကျပ်ဖြစ်ပါတယ်။ ယခင်တစ်ပတ် နဲ့ နှိုင်းယှဉ်ရင် ဈေးနှုန်းပြောင်းလဲမှုမရှိပါ။ မန္တလေးသို့ တင်ပို့မှုနည်း လာပြီး နေ့စဉ်ပျမ်းမျှ ရန်ကုန်သို့ အိတ် ၂၀၀၀ ကျော်တင်ပို့မှုရှိနေပါ တယ်။ဒေသတွင်းစားသုံးမှု ပုံမှန်ရှိေ နပြီး ရောင်းဝယ်မှုကတော့ အနည်း ငယ်အေးနေကြောင်း သိရပါတယ်။ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ရဲ့ ၂၀၁၃ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့ စပါး၊ ဆန်ဈေးကွက်မှာ ဧည့်မထစပါးဈေး တစ်တင်း ၃၄၀၀ ကျပ်၊ ဆန်လတ်စ တစ်အိတ် ၁၄၅၀၀ ကျပ်၊ ပေါ်ဆန်းစပါး တစ် တင်း ၄၈၀၀ ကျပ်၊ ဆန်လတ်စ တစ်အိတ် ၁၉၅၀၀ ကျပ်ဖြစ်ပါ တယ်။ ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ရင် ဧည့်မထစပါးဈေး၊ ဆန်ဈေး အနည်းငယ်မြင့်လာပြီး ပေါ်ဆန်းစပါးဈေး၊ ဆန်ဈေးကတော့ ငြိမ်နေ ပါတယ်။ ကုန်သည်၊ ပွဲစား၊ တောင်သူများ အရောင်းအဝယ် ပါးနေ ကြောင်း၊ တောင်သူတို့က ဈေးမြင့်ပြီးခေါ်နေတဲ့အတွက် ပွဲစားကုန် သည်များက အတတ်နိုင်ဆုံးဈေးပေးပေမဲ့ ခေါ်သလောက်မလိုက်နိုင် ဘဲ ယခုဈေးကိုသာ အမြင့်ဆုံးပေးထားခြင်းဖြစ်တယ်လို့ သိရပါတယ်။ ရှမ်းပြည်၊ မြဝတီ၊ မန္တလေးတို့မှ အဝယ်လိုက်နေလို့ အရောင်းအဝယ် လည်းသွက်နေပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ရဲ့ ၂၀၁၃ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့ စပါး၊ ဆန်ဈေးကွက်မှာ ဧည့်မထ(မနော်) စပါးဈေးတစ် တင်း ၆၃၀၀ ကျပ်၊ ဆန်လတ်စ တစ်အိတ် ၂၃၅၀၀ ကျပ်၊ ပေါ်ဆန်း ဘေးကြား စပါးဈေးတစ်တင်း ၇၀၀၀ ကျပ်၊ ဆန်လတ်စ တစ်အိတ် ၂၄၀၀၀ ကျပ်ဖြစ်ပါတယ်။ ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ရင် ဧည့်မထ (မနော်) စပါးဈေး၊ ဆန်ဈေး အနည်းငယ်တက်လာပြီး ပေါ်ဆန်း ဘေးကြား စပါးဈေး၊ ဆန်ဈေးကတော့ ငြိမ်နေပါတယ်။ မနော်စပါး က ရွှေဘိုမှာအစိုက်နည်းပြီး အစားများနေတာကြောင့် ဈေးအနည်း ငယ် တက်ခြင်းဖြစ်ပါတယ်။ ပစ္စည်းလည်းမရှိသလောက်ရှားနေပါ တယ်။  ဆန်ဈေး၊ စပါးဈေးကတော့ ကျနိုင်ဖွယ်မရှိဘူးလို့ သိရပါ တယ်။ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရဲ့ ၂၀၁၃ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့ စပါး၊ ဆန်ဈေးကွက်မှာ ဧည့်မထစပါးတစ်တင်း ၃၈၀၀ ကျပ်၊ဆန်လတ်စ တစ်အိတ် ၁၄၀၀၀ ကျပ်၊ ပေါ်ဆန်းစပါး တစ်တင်း ၄၆၀၀ ကျပ်၊ ဆန်လတ်စ တစ်အိတ် ၁၇၀၀၀ ကျပ်ဖြစ်ပါတယ်။ ယခင်တစ်ပတ်နဲ့နှိုင်းယှဉ်ရင် ဧည့်မထ စပါးဈေးအနည်းငယ် တက် လာပါတယ်။ မော်လမြိုင်မှာ ရိတ်သိမ်းချိန်ကုန်ဆုံးပြီဖြစ်ပြီး တောင်သူ များမျိုးအတွက် ဧည့်မထစပါးကို မျိုးချန်နေကြလို့ ဖြစ်ပါတယ်။ ဒေသတွင်းစားသုံးမှု ပုံမှန်ရှိနေပြီး အရောင်းအဝယ်မှာလည်း ပုံမှန် သာရှိကြောင်း သိရပါတယ်။ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရဲ့ ၂၀၁၃ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့ စပါး၊ ဆန်ဈေးကွက်မှာ ဧည့်မထ ဆန် လတ်စ တစ်အိတ် ၁၇၀၀၀ ကျပ်၊ ပေါ်ဆန်းဆန်လတ်စ တစ်အိတ် ၂၄၀၀၀ ကျပ်ဖြစ်ပါ တယ်။ ယခင်တစ်ပတ်အတိုင်း ဈေးနှုန်းပြောင်းလဲမှုမရှိပါ။ဒေသထွက် ဆန်များသာအရောင်းအဝယ်ဖြစ်နေပြီး ယခုတစ်ပတ်တောင်ကြီး ဆန် ဈေးကွက်တွင်ဆန်ပိုဒေသမှဝင်လာသောဆန်ချော၊ဆန်ကြမ်းများမှာ အရောင်းအ ဝယ်အေးနေကြောင်း သိရပါတယ်။   MIRT-MAPT