မဲခေါင်မြစ်ဝှမ်းဒေသမှ ဆန်တင်ပို့မှု ၁၈ ရာခိုင်နှုန်း မြင့်တက်
၂၀၁၃ ခုနှစ် ပထမ နှစ်လဖြစ်တဲ့ ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလများမှာ မဲခေါင်မြစ်ဝှမ်းဒေသမှ ပြည်ပသို့ ဆန်တန်ချိန် ၆၇၀၀၀၀ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၃၀၄ သန်းဖိုး တင်ပို့နိုင်ခဲ့ပြီး ယမန်နှစ်ကာလတူထက် ၁၈ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။
အာရှသည် ဆန်ဈေးကွက်အကြီးမားဆုံးဒေသဖြစ်ပြီး စားသုံးမှုပမာဏဟာ စုစုပေါင်း ကမ္ဘာ့ဆန် စားသုံးမှုပမာဏရဲ့ ၆၅ ရာခိုင်နှုန်းရှိပြီး အမေရိက၊ အာဖရိကနဲ့ ဥရောပနိုင်ငံတို့ဟာ အာရှနောက်မှာ စားသုံးမှုအဆင့်အလိုက် စဉ်လျက်ရှိနေပါ တယ်။ ယာယီ ဝယ်ယူသိုလှောင်ပြီးမှရောင်းချတဲ့စနစ်အရ စပါး ဈေးဟာ ၁ ကီလို ဂရမ်ကို ဗီယက်နမ်ဒေါင် ၅၂၀၀-၅၃၀၀ ဝန်းကျင်ထိ တိုးလာပါတယ်။ ၂၀၁၃ ခုနှစ် တွင် မဲခေါင်ဒေသမှ ဆန်တန်ချိန် ၆ ဒသမ ၅ သန်းမှ ၆ ဒသမ ၈ သန်းထိ တင်ပို့နိုင်မယ်လို့ မျှော်မှန်းထားပါတယ်။ ရည်မှန်းချက်ပြည့်မီစေရေး အတွက် ခေတ်မီဇီ၀ နည်းပညာသုံးစိုက်ပျိုးခြင်း၊ စပ်မျိုးများ ရွေးချယ်စိုက်ပျိုးစေခြင်းစတဲ့ စိုက်ပျိုးရေးပိုင်း ဆိုင်ရာ ဝန်ဆောင်မှုများကို တိုးမြှင့်ပံ့ပိုးပေးနေတယ်လို့ သိရပါတယ်။CMK
