၂၀၁၂ ခုနှစ်တွင် ဂျပန်ဆန်ထုတ်လုပ်မှု တန်ချိန် ၁ ဒသမ ၄ ရာခိုင်နှုန်းမြင့်တက်ခဲ့

ဂျပန်နိုင်ငံမှာ ယခင်နှစ်က ရာသီဥတုကောင်းမွန်မှု ကြောင့် ဆန်တန်ချိန် ၇ ဒသမ ၇၅ သန်းဝန်းကျင် ထုတ်လုပ် နိုင်ခဲ့ရာ ၂၀၁၁ ခုနှစ်ကထုတ်လုပ်ခဲ့တဲ့တန်ချိန် ၇ ဒသမ  ၆၄ သန်းဝန်းကျင်ထက် ၁ ဒသမ ၄ ရာခိုင်နှုန်း တိုးမြင့်ထုတ်လုပ် နိုင်ခဲ့ကြောင်း အမေရိကန်နိုင်ငံ လယ်ယာစိုက်ပျိုးရေးဌာန (USDA) မှပြောကြားခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် စိုက်ဧကမှာ ဟက်တာ ၁ ဒသမ ၅၈ သန်းဝန်းကျင်ရှိခဲ့ပြီး၂၀၁၁ ခုနှစ်က စိုက်ပျိုးခဲ့တဲ့ ဟက်တာ ၁ ဒသမ ၅၇ သန်းထက် ပိုမိုစိုက်ပျိုး နိုင်ခဲ့ကြောင်း သိရပါတယ်။

ဂျပန်နိုင်ငံမှာ ဆန်အထွက်နှုန်းမြင့်ခဲ့သော်လည်း ဆန် စားသုံးမှုမှာ ၂၀၁၂ ခုနှစ် အတွင်းက ၈ ဒသမ ၂၅ သန်းဝန်း ကျင်ရှိခဲ့ကြောင်း ခန့်မှန်းခဲ့ပါတယ်။ ဂျပန်နိုင်ငံမှာ သက်ကြီး ရွယ်အိုဦးရေမြင့်တက်လာမှုနဲ့ ဂျုံစားသုံးမှုမြင့်တက်လာ သဖြင့် ဆန်စားသုံးမှုဆက်လက်ကျဆင်းလာနိုင်ကြောင်း  USDA မှပြောကြားပါတယ်။ အထွက်နှုန်းတိုးတက်မှုနဲ့ စားသုံးမှု လျော့ကျခြင်းတို့ကြောင့် ၂၀၁၂ ခုနှစ်ရဲ့ ဆန်လက်ကျန်မှာ တန်ချိန် ၅၀၀၀၀၀ ဝန်းကျင် ထိ  မြင့်တက်လာ ဖွယ်ရှိရာ အစိုးရအနေနဲ့ ပိုလျှံဆန်များထဲမှ တစ်ချို့တစ်ဝက်ကို တိရစ္ဆာန် အစာအတွက် အသုံးပြုမှာဖြစ်ကြောင်း သိရပါတယ်။နှင်းပန်းဖြူ