ဓာတ်မြေသြဇာဈေးနှုန်းများ (1-4-13)
ရေကြောင်းကုန်သွယ်မှုမှ တရုတ်၊ ဗီယက်နမ်မြေသြဇာများဝင်ပြည်တွင်းမှာအသုံးပြုရန် ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ မတ် ၁၇ ရက်မှ ၂၃ ရက်အတွင်း ကန်ဒေါ်လာ သုံးသိန်းခြောက်သောင်းကျော် တန်ဖိုးရှိ မြေသြဇာ ၁၂၁၅ တန်တင်သွင်းခဲ့တယ်လို့သိရပါတယ်။ ဒီသီတင်းပတ်ဝင် ခဲ့တဲ့ မြေ သြဇာများက တရုတ်နိုင်ငံမှ နိုက်တြိုဂျင်အုပ်စု မြေသြဇာ တန် ၄၀၀ ၊ ဗီယက်နမ် နိုင်ငံမှ ကွန်ပေါင်းမြေသြ ဇာ တန် ၅၀၀၊ သြဂဲနစ်မြေသြဇာ ၃၁၅ တန် တင်သွင်းခဲ့ ပါတယ်။ MIRT (DOT)
ဈေးကွက်အတွင်းမှာ ပုံမှန်နှုန်းနဲ့ပဲ ဈေးရှိနေတဲ့ ဓာတ်မြေသြဇာယခုသီတင်းပတ်တွင် ပြည်တွင်းသို့ ရေလမ်းမှ မြေသြဇာအဝင်က တန်ချိန် တစ်ထောင့်နှစ်ရာကျော်ရှိခဲ့တာကြောင့် ယခင်တစ်ပတ်ထက် တန်ချိန် သုံးရာကျော် အဝင်လျော့ခဲ့ပြီး နယ်စပ်မှ ဒီတစ်ပတ်အဝင်က တန်ချိန် တစ်သောင်းတစ်ထောင် ကျော်ရှိခဲ့တာကြောင့် ယခင်တစ်ပတ်အဝင်ထက် တန်ချိန် တစ်ထောင့်ငါးရာကျော် အဝင်ပိုခဲ့တယ်လို့သိရပါတယ်။ ဒီတစ်ပတ် မြေသြဇာအရောင်းအဝယ်က ရန်ကုန်၊ မော်လမြိုင်၊ တောင်ကြီး ဘက်မှာ ရောင်းအားနည်းနည်းတက်လာတယ်လို့ သိရပါ တယ်။ ပြည်တွင်းဈေးကွက်များဖြစ်တဲ့ ရန်ကုန်၊ မန္တလေး မှာ ဈေးငြိမ်ပြီး အရောင်း အဝယ်ဖြစ်ပေမဲ့ မော်လမြိုင်၊ တောင်ကြီး၊ မကွေးဈေးကွက်တွေမှာ ဈေးအနည်း ငယ်ကျလာတယ်လို့ို့ သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာ မြေသြဇာက ဒီတစ်ပတ်မှာလည်း အရောင်းအဝယ် ပုံမှန်ရှိတယ်လို့ မြေသြဇာရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။ ဒီတစ်ပတ်မှာ နယ်ဘက်ကအမှာရှိလို့ ရောင်းအား နည်းနည်းတက်လာ ပါတယ်။ ရောင်းအား ရှိပေမဲ့လည်း ဈေးကငြိမ်နေတယ်။ ဒီတစ်ပတ်ဈေးကွက်ထဲ အရောင်း အဝယ်ဖြစ်နေတဲ့ဈေးက ယူရီးယား (နေရွက်လှေ-တရုတ်) ၁၉၆၀၀ ကျပ်၊ ယူရီးယား (ရွှေတောင်-တရုတ်) ၁၉၆၀၀ ကျပ်၊ တီစူပါ (သံကွင်း-တရုတ်) ၁၉၀၀၀ ကျပ် ၊ပိုတက်(ထိုင်း) ၃၈၀၀၀ ကျပ်၊ ပိုတက် (အိန္ဒိယ) ၂၄၂၀၀ ကျပ်၊ ကွန်ပေါင်း ၁၅း ၁၅း၁၅း (ထိုင်း) ၃၈၅၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။မန္တလေးဈေးကွက်မှာလည်း ဒီတစ်ပတ်မြေသြဇာ အရောင်းအဝယ် နည်း နည်းအေးတယ်လို့သိရပါတယ်။ အရောင်းအဝယ်ဖြစ်ဖြစ်၊ မဖြစ်ဖြစ် ဈေးက သိပ် အပြောင်းအလဲမရှိဘူးလို့ သိရပါတယ်။ ဒီတစ်ပတ် ဈေးကွက်ထဲ အရောင်း အဝယ် ဖြစ်နေတဲ့ ဈေးနှုန်း ယခင်တစ်ပတ်ဈေးဖြစ်တဲ့ ယူရီးယား (ရွှေတောင်-တရုတ်) ၁၈၆၀၀ ကျပ်၊ ယူရီးယား (ပန်းဖူး-တရုတ်) ၁၈၅၀၀ ကျပ်၊ တီစူပါ (GTSP ၄၆%-တရုတ် ) ၁၈၂၀၀ ကျပ်၊ တီစူပါ (GSSP ၁၆%-တရုတ်) ၇၃၀၀ ကျပ်၊ တီစူပါ (GSSP ၁၂%-တရုတ်) ၆၈၀၀ ကျပ်၊ အာမို ၁၅း၁၅း၁၅း (တရုတ်) ၃၅၅၀၀ ကျပ် အာမို ၁၀း၁၀း၅ ၁၂၄၀၀ ကျပ်နဲ့ပဲ အရောင်းအဝယ်ဖြစ်တယ်လို့ ၈၅-၈၆ ကြားပွဲရုံတန်းမှာရှိတဲ့ စိုက်ပျိုးရေးအရောင်းဆိုင်မှ စုံစမ်းရရှိခဲ့ပါတယ်။တောင်ကြီးဈေးကွက်မှာ မြေသြဇာက ဒီတစ်ပတ်မှာ အရောင်းအဝယ်ပုံမှန် ရှိတယ်လို့ သိရပါတယ်။ ဒီအချိန်က မြေသြဇာအသုံးနည်းပေမဲ့လည်း ဒီတစ်ပတ်မှာ ရောင်းအားနည်းနည်းရှိ တယ်။ နွေသီးနှံစိုက်တဲ့ဒေ သတွေက အဝယ်ရှိတာကြောင့် ရောင်းအားရှိတယ်။ ရောင်းအားရှိပေမဲ့ အဝယ်များတဲ့ တီစူပါမြေသြဇာက ဈေး အနည်းငယ်တက်ပေမဲ့ ကျန်မြေသြဇာများက ဈေးကျလာတယ်လို့ သိရပါတယ်။ ယူရီးယားမြေသြဇာ က ဈေးငြိမ်နေပါတယ်။ ဒီတစ်ပတ်ဈေးကွက်ထဲ အရောင်း အဝယ်ဖြစ်တဲ့ဈေးမှာ ယူရီးယား-ပုလဲ(ကမ္ဘာလုံး၊ ပန်းဖူး၊ရွှေတောင်)(တရုတ်) ၁၉၀၀၀ ကျပ်၊တီစူပါ ၁၂%(တရုတ်) ၈၀၀၀ ကျပ်၊ တီစူပါ ၁၆%(တရုတ်)၉၀၀၀ ကျပ်၊တီစူပါ ၁၅း၁၅း၁၅ (တရုတ်) ၃၅၀၀၀ ကျပ်၊တီစူပါ ၁၀း၁၀း၅ (တရုတ်) ၁၂၅၀၀ ကျပ်၊ ဓာတ်ဆား(တရုတ်) ၁၃၀၀၀ ကျပ်၊ ပိုတက်(တရုတ်) ၂၃၅၀၀ ကျပ်၊ ယူရီးယား (ယူအေအီး) ၁၉၀၀၀ ကျပ်၊ မြားကမ္ဘာ ၁၂၅၀၀ ကျပ်ဈေးရှိတယ်လို့ အရှေ့မြို့ပတ် လမ်းမှာရှိတဲ့ မြေသြဇာအရောင်းဆိုင်မှ စုံစမ်းသိရှိရပါတယ်။မော်လမြိုင်မြေသြဇာဈေးကွက်မှာ မြေသြဇာက အရောင်းအဝယ်ဖြစ်တယ် လို့သိရပါတယ်။ နွေသီးနှံစိုက်ပျိုးလာ တာကြောင့် ရောင်းအား နည်းနည်းတက် လာတယ်။ ရောင်းအားတက်ပေမဲ့ မြေသြဇာဈေးက တီစူပါ ၄၆% (သံကွင်း-တရုတ်) တစ်ထောင်ကျပ်ဈေးကျလာပြီး ကျန်မြေသြဇာများမှာ ဈေးငြိမ်နေပါတယ်။ ဒီတစ်ပတ်ဈေးကွက် ထဲအရောင်းအဝယ် ဖြစ်နေတဲ့ ဈေးကပုလဲ-အသေး (ရွှေ တောင်၊ရွှေပျား၊ရွှေတုံး)(တရုတ်)၂၀၀၀၀ ကျပ်၊ ကွန်ပေါင်း ၁၅း၁၅း၁၅ (ထိုင်း) (အစိမ်း) ၃၅၀၀၀ ကျပ်၊ ကွန်ပေါင်း (ပန်းရောင်-ထိုင်း) ၃၀၅၀၀ ကျပ်၊ ကွန် ပေါင်း၁၆း၁၆း၈ (မြင်းပျံ-ထိုင်း)၂၉၅၀၀ ကျပ်၊တီစူပါ ၄၆%(သံကွင်း-တရုတ်) ၂၁၅၀၀ ကျပ်၊ တီစူပါ၁၆%(မြားကမ္ဘာ -တရုတ်) ၁၁၀၀၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်တယ်လို့စုံစမ်း သိရှိရပါတယ်။MIRT (DOT)
