ကုန်စည်ဒိုင်အသီးသီး၏ လက်ရှိအရောင်းအဝယ်ဖြစ်နေသော ဈေးနှုန်းများနှင့် ဈေးကွက်အခြေအနေ (၂၉-၃-၂၀၁၃)

*    မတ်ပဲကို အိန္ဒိယအဆွဲလျော့လို့ ဘုရင့်နောင်၊ မန္တလေး၊ ပြည်နဲ့    ဟင်္သာတမှာ အောက်ဈေးနဲ့ အရောင်းအဝယ်ဖြစ် *    ပဲစင်းငုံနီကို အိန္ဒိယအဆွဲရော ပြည်တွင်းလှောင်လက်နဲ့ ခွဲစက်များကပါ အဝယ်ပါးလို့ ဈေးကွက်တိုင်းမှာ ဈေးကျလာ *    ပဲတီစိမ်း(အညာ)ထက်စာရင် ပဲတီစိမ်း(ခရမ်းရွှေဝါ)ကို             တရုတ်က အရည်အသွေးအပေါ်မူတည်ပြီး ဈေးဖြတ်အဝယ်ရှိနေ *    ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲ(ထိုင်ဝမ်)က ဈေးကွက်ထဲ ဝင်ရောက်မှု တိုးလာပေမယ့် ပြည်ပအတွက်ဝယ်ယူနေတဲ့     ရန်ကုန်ဝယ်လက်နဲ့ ဒေသတွင်းခွဲစက်တွေ ဝယ်အားလျော့လို့ ဈေးကျဆင်း *    ပြောင်းကို တရုတ်ဝယ်လက်နဲ့ ပြည်တွင်းအစာစပ်လုပ်ငန်းရှင်များ ဝယ်အားပုံမှန်ရှိ *    နှမ်းမျိုးစုံကို တရုတ်ဝယ်လက်နဲ့ ဒေသတွင်းဆီစက်တွေ ဝယ်အားပုံမှန်ရှိပေမယ့် ပစ္စည်းလက်ကျန်နည်းလို့ အရောင်းအဝယ်ဖြစ်မှုပမာဏလည်း လျော့လာ