ဓာတ်မြေသြဇာဈေးနှုန်းများ (8-4-13)

မြေသြဇာတန်ချိန် လေးရာသာ အဝင်ရှိခဲ့ ပြည်တွင်းကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ မတ်လ ၂၄ ရက်မှ ၃၀ ရက်အတွင်း မြေသြဇာတန်ချိန် ၄၀၀ ၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ တစ်သိန်း တစ်သောင်းကျော်ဖိုးကို တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်ဝင်လာခဲ့ တဲ့ မြေသြဇာများ က မလေးရှားနိုင်ငံမှ တန်ချိန် နှစ်ရာ၊ ကိုရီးယားနိုင်ငံမှ မြေသြဇာတန်ချိန် နှစ်ရာ ဝင်လာခဲ့ပါတယ်။ ယခင်သီတင်းပတ်မြေသြဇာအဝင်က တန်ချိန် တစ်ထောင့်နှစ်ရာ ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် ရှစ်ရာကျော်အဝင်လျော့ခဲ့ပါတယ်။

လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် မတ်လအတွင်း မြေသြဇာအဝင်က တန်ချိန် သုံးထောင်ကျော်ရှိ ခဲ့ပြီး ဖေဖော်ဝါရီလအတွင်း အဝင်က တန်ချိန် ငါးထောင်ကျော် ရှိခဲ့တာကြောင့် မတ်လမှာ မြေသြဇာအဝင် တန်ချိန် နှစ်ထောင်ကျော်အဝင်လျော့ ခဲ့တယ်လို့ သိရပါတယ်။         MIRT (DOT)
ဈေးပြောင်းလဲမှုမရှိဘဲ ငြိမ်နေဆဲ ဓာတ်မြေသြဇာ
ယခုသီတင်းပတ်တွင် ပြည်တွင်းကို ရေလမ်းမှ မြေသြဇာအဝင်က တန် ချိန်လေးရာသာရှိခဲ့တာကြောင့် ယခင်တစ်ပတ်ထက် တန်ချိန် ရှစ်ရာကျော် အဝင်လျော့ခဲ့ပြီး နယ်စပ်မှ ဒီတစ်ပတ်အဝင်က တန်ချိန် တစ်ေ သာင်းနှစ် ထောင် ကျော် ရှိခဲ့တာကြောင့် ယခင်တစ်ပတ်အဝင်ထက် အဝင်ပိုခဲ့တယ်လို့ သိရပါတယ်။ ဒီတစ် ပတ် မြေသြဇာ အရောင်းအဝယ်အေးတယ်လို့  သိရပါတယ်။ပြည်တွင်းဈေးကွက်များဖြစ်တဲ့ ရန်ကုန်၊ မော်လမြိုင်မှာ ဈေးငြိမ်ပြီး အရောင်း အဝယ်ဖြစ်ပေမဲ့ မန္တလေး ၊ တောင်ကြီး၊ မကွေးဈေးကွက်တွေမှာ ဈေးအနည်းငယ် ကျလာတယ်လို့ို့ သိရပါတယ်။    မန္တလေးဈေးကွက်မှာလည်း ဒီတစ်ပတ်မြေသြဇာ အရောင်းအဝယ်  နည်းနည်းအေးတယ်လို့ သိရပါတယ်။ အရောင်းပါးသလို ဈေးကလည်း အကျဘက် မှာရှိနေပါတယ်။ နယ်တွေကလည်း အမှာနည်းလို့ ရောင်းအားကျ လာတယ်။ သြင်္ကန်ပြီးရင်တော့ ရောင်းအားတက်နိုင်တယ်လို့တော့ ခန့်မှန်း ပါတယ်။ ဒီတစ်ပတ် ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးနှုန်း က ယူရီးယား(ရွှေတောင်-တရုတ်) ၁၈၆၀၀ ကျပ်၊ ယူရီးယား (ပန်းဖူး-တရုတ်) ၁၈၅၀၀ ကျပ်၊ တီစူပါ (GTSP  ၄၆%-တရုတ် ) ၁၈၃၀၀ ကျပ်၊တီစူပါ (GSSP ၁၆%-တရုတ်) ၇၂၀၀ ကျပ်၊ တီစူပါ(GSSP ၁၂%-တရုတ်) ၇၀၀၀ ကျပ်၊ အာမို ၁၅း၁၅း၁၅း (တရုတ်) ၃၅၅၀၀ ကျပ် အာမို(၁၀း၁၀း၅)၁၂၂၀၀ ကျပ် နဲ့ပဲ အရောင်းအဝယ်ဖြစ်တယ်လို့ ၃၂ လမ်း ၈၆-၈၇ ကြား ပွဲရုံတန်းမှာရှိတဲ့  စိုက်ပျိုးရေးအရောင်းဆိုင်မှ စုံစမ်းရရှိခဲ့ပါတယ်။တောင်ကြီးဈေးကွက်မှာ မြေသြဇာက ဒီတစ်ပတ်မှာ အရောင်း အဝယ်အေးတယ်လို့ သိရပါတယ်။ အရောင်းေ အးပေမဲ့ မြေသြဇာဈေးက နည်းနည်း အပြောင်းအလဲရှိနေပါတယ်။ ယူရီးယား (ကမ္ဘာလုံး၊ပန်းဖူး၊ ရွှေတောင်) က တစ် ထောင်ကျပ်၊ ပိုတက်ကတစ်ထောင်ကျပ်၊ ယူရီးယား (ယူအေအီး) ရှစ်ရာကျပ်ဈေး မြင့်လာပြီးတီစူပါ ၁၆ ရာခိုင်နှုန်းက ငါးရာကျပ်ဈေးကျလာပါတယ်။မိုးကျလာ ရင် တော့ ရောင်းအားပြန်တက်နိုင်တယ်လို့ မှန်းကျပါတယ်။ ဒီတစ်ပတ် ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်တဲ့ဈေးမှာယူရီးယား-ပုလဲ (ကမ္ဘာလုံး၊ပန်းဖူး၊ ရွှေတောင်) (တရုတ်) ၂၀၀၀၀ ကျပ်၊တီစူပါ ၁၂ ရာခိုင်နှုန်း (တရုတ်) ၈၀၀၀ ကျပ်၊ တီစူပါ ၁၆%(တရုတ်) ၈၅၀၀ ကျပ်၊တီစူပါ ၁၅း၁၅း၁၅ (တရုတ်) ၃၅၀၀၀ ကျပ်၊တီစူပါ ၁၀း၁၀း၅ (တရုတ်) ၁၂၅၀၀ကျပ်၊ ဓာတ်ဆား(တရုတ်) ၁၃၀၀၀ ကျပ်၊ ပိုတက် (တရုတ်) ၂၄၅၀၀ကျပ်၊ ယူရီး ယား(ယူအေအီး) ၁၉၈၀၀ ကျပ်၊ မြှားကမ္ဘာ ၁၂၅၀၀ ကျပ်ဈေးရှိတယ်လို့  အရှေ့မြို့ပတ်လမ်းမှာရှိတဲ့ မြေသြဇာအရောင်းဆိုင်မှ စုံစမ်း သိရှိရပါတယ်။မော်လမြိုင်မြေသြဇာဈေးကွက်မှာ မြေသြဇာက အရောင်းအဝယ် ပုံမှန် ရှိတယ်လို့ဆိုပေ မဲ့ အေးတဲ့ဘက်ကိုလုတယ်လို့ ဆိုပါတယ်။ မြေသြဇာ ဈေးကတော့ အပြောင်းအလဲမရှိဘဲယခင်တစ် ပတ်ဈေးအတိုင်း ငြိမ်နေတယ်လို့သိရပါတယ်။ ဒီတစ် ပတ်ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးက ပုလဲ-အသေး (ရွှေ တောင်၊ ရွှေပျား၊ ရွှေတုံး) (တရုတ်) ၂၀၀၀၀ ကျပ်၊ ကွန်ပေါင်း ၁၅း၁၅း၁၅ (ထိုင်း) (အစိမ်း) ၃၅၀၀၀ကျပ်၊ ကွန်ပေါင်း (ပန်းရောင်-ထိုင်း) ၃၀၅၀၀ ကျပ်၊ ကွန်ပေါင်း၁၆း၁၆း၈ (မြင်းပျံ-ထိုင်း)၂၉၅၀၀ ကျပ်၊တီစူပါ ၄၆ ရာခိုင်နှုန်း (သံကွင်း-တရုတ်) ၂၁၅၀၀ ကျပ်၊တီစူပါ ၁၆%(မြှားကမ္ဘာ-တရုတ်) ၁၁၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။မကွေးဈေးကွက်မှာ မြေသြဇာက ဒီတစ်ပတ်မှာလည်း အရောင်း ပါးတယ်လို့ မြေသြဇာ ရောင်းဝယ်ရေး လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။ဒါကြောင့် လည်း ဈေးကပြောင်းလဲမှုသိပ်မရှိဘူး။ တချို့ မြေသြဇာ ဆိုရင် ဈေး နည်းနည်း တောင် ကျလာသေးတယ်။ ဈေး အတက်အကျကတော့ နှစ်ရာနဲ့ ငါးရာ ဝန်းကျင်မှာပဲ ရှိနေပါတယ်။ ဒီတစ်ပတ် ဈေးကွက်ထဲ အရောင်းအဝယ် ဖြစ်နေ တဲ့ ဈေးက မြှားကမ္ဘာ (တရုတ်) (အပြာ၊ အစိမ်း) ၁၃၃၀၀ ကျပ်၊  ဆင် ၁၀း၁၀း၅ ၁၃၂၀၀ ကျပ်၊ အာမို(၁၀း၁၀း၅) ၁၃၈၀၀ ကျပ်၊  အာမို (၁၅း၁၅း၁၅) ၃၅၀၀၀ ကျပ်၊ အာမို(၁၆း၁၆း၈) ၃၃၅၀၀ ကျပ်၊ ယူရီးယား-ပုလဲ  (ပန်းဖူး-တရုတ်) ၁၉၅၀၀ ကျပ်၊ ယူရီးယား-ပုလဲ (ရွှေ တောင်-တရုတ်)၁၉၇၀၀ ကျပ်၊ အောင် ကမ္ဘာ(၁၀း၁၀း၅) ၁၆၀၀၀ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်တယ်လို့ သိရပါ တယ်။              MIRT (DOT)