ကုန်စည်ဒိုင်အသီးသီး၏ လက်ရှိအရောင်းအဝယ်ဖြစ်နေသော ဈေးနှုန်းများနှင့် ဈေးကွက်အခြေအနေ (၈-၄-၂၀၁၃)

*    မတ်ပဲကို အိန္ဒိယအဆွဲနဲ့ ပြည်တွင်းခွဲစက်တွေ အဝယ်ပြန်လိုက်လာလို့ ဘုရင့်နောင်၊ ပြည်၊ မန္တလေးနဲ့ ဟင်္သာတမှာ ဈေးမြင့်လာ *    ပဲစင်းငုံနီကို ပြည်ပအဆွဲပြန်လိုက်လာသလို ပြည်တွင်းခွဲစက်နဲ့လှောင် လက်တွေအဝယ်ဆုံလို့ ဈေးကွက်အသီးသီး မှာတက်ဈေးနဲ့အရောင်း အဝယ်ဖြစ် *    ပဲတီစိမ်း(အညာ)ထက်စာရင် ပဲတီစိမ်း(ခရမ်းရွှေဝါ)ကို တရုတ် အကြိုက်တွေ့ *    ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲ(ထိုင်ဝမ်)ကို ရန်ကုန်ဝယ်လက်နဲ့ ပြည်တွင်း ခွဲစက်တွေ ဝယ်အားပုံမှန်ရှိတာကြောင့် မန္တလေး၊ မုံရွာနဲ့ ပခုက္ကူ မှာ ဈေးမြင့်လာ *    ပြောင်း ကို တရုတ်ဝယ်လက်နဲ့ ဒေသတွင်းအစာစပ်လုပ်ငန်းရှင် များ အဝယ်ဆုံလို့ ဈေးအနည်းငယ်စွာလာ *    နှမ်းမျိုးစုံကို တရုတ်ဝယ်လက်နဲ့ ဒေသတွင်းဆီစက်တွေ ဝယ်လိုအား ပုံမှန်ရှိပေမယ့် ရောင်းသူကုန်သည်တွေထံမှာ ပစ္စည်းလက်ကျန်နည်းလာ