ပြည်ဈေးကွက်မှာ မတ်ပဲနဲ့ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက် ဈေးပေးအဝယ်ရှိ
ပြည်ဈေးကွက်မှာ ဒီတစ်ပတ်မတ်ပဲကို ရန်ကုန်ဝယ်လက်က ပြည်ပဈေးကွက်ရဲ့ ဝယ်လိုအားပြန်လိုက်တာတဲ့အပေါ် ဈေးပေးအ ဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာ ကို ၈၄၀ ကျပ်(တစ်တန်ကို ၅၁၄၄၀၇ ကျပ်)ဈေးနဲ့ တစ်ပတ်အတွင်း အိတ် ၂၅၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဒါ့ အပြင်ယခင်အပတ်က အောက်ဈေးနဲ့ အရောင်းအဝယ်ဖြစ်မှုနည်းခဲ့ တဲ့ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက် က အဝယ်များလာတာကြောင့် ယခင် အပတ်နဲ့စာရင် ဈေးကတက်ရိပ်ပြနေကြောင်း ဈေးကွက် အတွင်း မှ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၁၀၆၅ ကျပ် (တစ်တန်ကို ၆၅၂၁၉၅ ကျပ်)ဈေးနဲ့ တစ်ပတ်အတွင်း အိတ် ၁၅၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
