အောင်လံဈေးကွက်မှာ ပဲစင်းငုံနီနဲ့ ကုလားပဲ(ထိုင်ဝမ်)ဈေးစွာလာ
အောင်လံဈေးကွက်မှာ ဒီတစ်ပတ်ဈေးကွက်သို့ ပဲစင်းငုံနီ ဝင်ရောက်မှုတိုးလာသလို ရန်ကုန်ဝယ်လက်ကလည်း အရည်အသွေး အပေါ်မူ တည်ပြီး ဈေးပေးအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်မြင့်လာပြီး တစ်ပိဿာကို ၁၀၅၅ ကျပ်(တစ်တန်ကို ၆၄၆၀၇၁ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၅၀၀ မှ ၇၀၀ ကြားအ ရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒေသထွက်ကုလားပဲ (ထိုင်ဝမ်)ကို မြို့ခံပဲခွဲစက်တွေ နဲ့ လှောင်လက်တွေက ဝယ်အားပုံမှန် ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကအမြင့်မှာ ရှိနေတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၉၂၅ ကျပ်(တစ် တန်ကို ၅၆၆၄၆၀ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၃၀၀ မှ ၄၀၀ ကြား ဖြစ်ခဲ့တယ်လို့ ဈေးကွက်အတွင်းမှသိရပါတယ်။
