ပခုက္ကူဈေးကွက်မှာ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက် ဈေးပေးအဝယ်ရှိ
ပခုက္ကူဈေးကွက်မှာ နှစ်ကူးသြင်္ကန်ပွဲတော်နီးကပ်လာတာနဲ့ အမျှ ပဲစင်းငုံနီကိုလည်း ရန်ကုန်ဝယ်လက်က အရည်အသွေးပေါ်မူ တည်ပြီး ဈေးပေးအဝယ်ရှိသလို ဝယ်အားပါသွက်လာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၀၇၀ ကျပ် (တစ်တန်ကို ၆၅၅၂၅၇ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၃၀၀ မှ ၆၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ကျန်ပဲမျိုးစုံက တော့ ဈေးသာရှိပြီး အရောင်းအဝယ်အေးနေတယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါတယ်။
