ဟင်္သာတဈေးကွက်မှာ မတ်ပဲကို ရန်ကုန်အဆွဲများလို့ ဈေးစွာ

ဟင်္သာတဈေးကွက်သို့ မတ်ပဲတွေဝင်ရောက်မှုတိုးလာသလို အဝင်ရှိသလောက်လည်း ရန်ကုန်အဆွဲသွက်ခဲ့တယ်လို့ ဆိုပါတယ်။ ယခင်အပတ် က လှောင်လက်တွေရော ရန်ကုန်ဝယ်လက်တွေပါ ပြည်ပဈေးကွက်အခြေအနေကို စောင့်ကြည့်ပြီး တွက်ချက်ဝယ်ယူမှု တွေရှိခဲ့တယ်။ ဒီတစ်ပတ်မှာေ တာ့ အိန္ဒိယဘက်မှ အဆွဲပြန်လိုက်လာ တဲ့အပေါ် ရန်ကုန်ဝယ်လက်က ဈေးပေးအဝယ်ရှိသလို ဝယ်အားပါ များလာ တာကြောင့် ဈေးမြင့်လာပြီး တစ်ပိဿာကို ၈၄၀ ကျပ်(တစ် တန်ကို ၅၁၄၄၀၇ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၃၀၀၀ မှ ၅၀၀၀ ကြားအရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။