မြင်းခြံဈေးကွက်မှာ ပဲစင်းငုံနီတက်ဈေးနဲ့ အရောင်းအဝယ်ဖြစ်

မြင်းခြံဈေးကွက်မှာ ယခင်အပတ်က တစ်ပိဿာကို ၁၀၁၀ ကျပ်(တစ်တန်ကို ၆၁၈၅၁၃ ကျပ်)ဈေးနဲ့ အရောင်းအဝယ်ဖြစ်မှုနည်း ခဲ့တဲ့ ပဲစင်းငုံနီက ဒီတစ်ပတ်မှာ ရန်ကုန်အဆွဲပြန်လိုက်လာတဲ့အ တွက် ဈေးမြင့်လာပြီး တစ်ပိဿာ ၁၀၆၀ ကျပ်(တစ်တန်ကို ၆၄၉၁၃၃ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၁၀၀၀ မှ ၂၀၀၀ ကြား အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင်ဒေသထွက်စီပီ ပြောင်းကိုလည်း ရန်ကုန်ဝယ်လက်က တစ်ပိဿာကို ၄၁၇ ကျပ်ဈေး နဲ့ တစ်ရက်ကိုအိတ် ၃၀၀ ခန့်ဝယ်အားပုံမှန်ရှိခဲ့တယ်လို့ မြို့ခံပြောင်း ကုန်သည်တစ်ဦးကဆိုပါတယ်။