ဘုရင့်နောင်ဈေးကွက်မှာ သြင်္ကန်အလွန် မတ်ပဲနှင့် ပဲစင်းငုံနီဈေးအနည်း ငယ်မြင့်လာ

ဘုရင့်နောင်ဈေးကွက်မှာ သြင်္ကန်အပြီး မတ်ပဲနဲ့ ပဲစင်းငုံနီ ကို အိတ်စပို့အဝယ်ပြန်လိုက်လာတာကြောင့် ဈေးအနည်းငယ်မြင့် လာပြီး အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာ အိတ်စပို့အဆွဲပြန်လိုက်လာသလို ဒေါ်လာဈေးလည်းအနည်းငယ်မြင့် လာလို့ အခုလိုဈေးတွေမြင့်လာတာလို့ ပဲကုန်သည်တစ်ဦးကဆိုပါ တယ်။ အရောင်းအဝယ်ဖြစ်မှုက မတ်ပဲ (RC) တစ်တန်ကို ၅၆၅၀၀၀ ကျပ်ဈေးနဲ့ ဒိုင်ပြင်ပဈေး ကွက်မှာ နေ့စဉ်အရောင်းအဝယ်ဖြစ်ခဲ့တယ် လို့သိရပါတယ်။ ဒါ့အပြင် ပဲစင်းငုံနီ (RC) ကိုလည်း အိန္ဒိယဝယ်လက် က အရည်အသွေးပေါ် မူတည်ပြီး ဈေးပေးအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်တန်ကို ၆၇၃၀၀၀ ကျပ်ဈေး နဲ့ ပုံမှန်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။