မကွေးဈေးကွက်မှာ ပဲစင်းငုံနီဈေးတန့် ပြီး ကုလားပဲ(ထိုင်ဝမ်) ဈေးမြင့်လာ
မကွေးဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီကို အိတ်စပို့အတွက် ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက်က ဝယ်အားပုံမှန်ရှိပေမယ့် ရောင်းသူ ကုန်သည်များက တက်ဈေးမျှော်ပြီး အရောင်းထိန်းထားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအပြောင်းအလဲမရှိဘဲ ဈေးတန့်နေတယ်လို့ ဈေးကွက်အတွင်းမှသိရပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိ ဿာ ၁၀၅၅ ကျပ်(တစ်တန်ကို ၆၄၆၀၇၁ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၂၀၀ ခန့်သာဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ကုလားပဲ(ထိုင်ဝမ်) ကိုရန်ကုန်ဝယ်လက်နဲ့ ဒေသတွင်းခွဲစက်တွေ အဝယ်ပြန်လိုက်လာ တာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၉၈၅ ကျပ်(တစ်တန်ကို ၆၀၃၂၀၄ ကျပ်)ဈေးနဲ့ နေ့စဉ်အိတ် ၄၀၀ မှ ၅၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
