တရုတ်နိုင်ငံတွင် ထိုင်းစံပယ်ဆန်မွှေးနှင့် ဈေးချိုသော ဆန်များကိုရော၍ ရောင်းချနေရ

ထိုင်းစံပယ်ဆန်မွှေးကို ဝယ်ယူတင်သွင်းကြတဲ့ တရုတ် နိုင်ငံမှဆန်ကုန်သည်များက စံပယ်ဆန်မွှေး နဲ့ ဈေးချိုတဲ့ ဆန် တွေကိုရောပြီး ရောင်းချနေတယ်လု့ိ သိရတယ်။ ထိုင်းဆန်ဈေး နှုန်းများ အဆမတန်မြင့်မားမှုကြောင့် ကုန်သည် များအနေနဲ့ အကျိုးအမြတ်ရဖို့ ဈေးထပ်တင်ခြင်းမပြုတော့ဘဲ ဈေးချိုတဲ့ ဆန်အချို့နဲ့ ထိုင်းဆန်မွှေးတို့ ကို ရောနှော ရောင်းချနေကြ တယ်လို့ တရုတ်ကုန်သည်များက ပြောကြားတယ်။

အဲဒီလို ရောနှော ရောင်းချတာကို စားသုံးသူများက သိသော်လည်း ဈေးနှုန်းချိုသာမှုကြောင့် ဝယ်ယူကြကြောင်း၊ သီးသန့်စံပယ်ဆန်မွှေးမှာ ဈေးမြင့်လွန်းရာ နေ့စဉ်ဝယ်ယူစား သုံးဖို့ မလွယ်ကူကြောင်း ဆန်လက်ကား ရောင်းချတဲ့ တရုတ် ကုန်သည်တစ်ဦးက ပြောကြားတယ်။ ရောနှောရောင်းချတဲ့ ဆန်များမှာ ထိုင်းဆန် (Pathum Thai  ဆန်)နဲ့ ဗီယက်နမ် ဆန်တို့ဖြစ်ကြကြောင်း ၊ ၎င်း ဆန်များက စံပယ်ဆန်မွှေး ထက် တစ်တန်ကို ဒေါ်လာ ၁၀၀-၂၀၀ ဈေး ချိုကြောင်း၊ ကုန်သည် များက ဆိုကြတယ်။ ထိုင်းဆန်တင်ပို့သူများအ သင်းအဆိုအရ  စံပယ်ဆန်မွှေးကတစ်တန်ကို ၁၂၃၁ ဒေါ်လာနဲ့ ပြည်ပကို တင်ပို့ရောင်းချနေသော်လည်း ဗီယက်နမ် ဆန်မွှေးက တစ်တန်ကို ၈၅၀ ဒေါ်လာ- ၉၅၀ ဒေါ်လာနဲ့ သာ ရောင်းချ လျက် ရှိပြီး ဈေးနှုန်းကွာခြားမှု မြင့်မားလှတယ်လို့ သိရတယ်။ ဒါ့ကြောင့် ၂၀၁၂ ခုနှစ်အတွင်း တရုတ်နိုင်ငံအနေနဲ့ ထိုင်းစံပယ်ဆန်မွှေး ဝယ်ယူတင်သွင်းမှု ၄ ဒသမ ၇၈ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်လို့ သိရတယ်။ပပ