တာချီလိတ်နဲ့ မြိတ်ဒေသဆန်ဈေးအတက်အကျရှိပြီး ကျန်ဒေသများတွင် ဆန်ဈေး တည်ငြိမ်လျက်ရှိ

တာချီလိတ်နဲ့မြိတ်နယ်စပ်ဒေသရှိ ဆန်ဈေးနှုန်း အတက်အကျ အနည်းငယ်ရှိလာတာကိုတွေ့ရပြီး ကျန် စခန်း အသီးသီးတွင်ယခင်အပတ်ဆန်ဈေးနှုန်း အတိုင်း ပြောင်းလဲမှုမရှိဘဲ တည် ငြိမ်နေဆဲဖြစ်ကြောင်းသိရပါတယ်။ တာချီလိတ်နယ်စပ်ရဲ့ ဆန်ဈေးနှုန်းဟာယခင်အပတ်က ဧည့်မထဆန် ၁ ပြည်ကို ၈၅၃ ကျပ် ဈေးရှိခဲ့ရာမှ ယခု အပတ်မှာ ၉၅၅ ကျပ်သို့ ဈေးအနည်း ငယ်တက်လာ ခဲ့ပါတယ်။ မြိတ်နယ်စပ်မှာယခင်အပတ် က ပေါ်ဆန်မွှေး ၁ ပြည်ကို ၁၃၀၀ ကျပ် ဈေးရှိခဲ့ရာမှ ယခု အပတ်တွင် ၁၂၀၀ ကျပ်သို့ ကျခဲ့ကြောင်းသိရပါတယ်။

ဧပြီလ ၂၄ ရက်မှ ၃၀ ရက်ထိ နယ်ဈပ်ဒေသများရှိ ဆန် ၁ ပြည်ဈေးနှုန်းများကို  Commerce Journal  စာဖတ် ပရိတ်သတ်များအား အသိပေးလိုက်ရပါတယ်။ ပေါ်ဆန် မွှေး ၁ ပြည်ကို မူဆယ်မှာ  ၁၆၅၀ ကျပ်၊ လွယ်ဂျယ်မှာ ၁၇၉၂ ကျပ်၊ ချင်းရွှေဟော်မှာ ၂၀၀၀ ကျပ်၊ ကော့သောင်းမှာ ၁၄၀၀ ကျပ်၊ မြိတ်မှာ ၁၂၀၀ကျပ်စစ်တွေမှာ ၈၀၀ ကျပ်ဈေး အသီးသီးရှိပါတယ်။ ဧည့်မထဆန် ၁ ပြည်ကို တာချီလိတ် ဒေသမှာ ၈၅၅ ကျပ်၊ မြဝတီဒေသမှာ ၁၀၀၀ ကျပ်၊ မောင်တော ဒေသမှာ ၆၀၀ ကျပ်ဈေးရှိပါတယ်။ ဧရာမင်း ဆန် ၁ ပြည်ကို တမူးနယ်စပ်မှာ ၁၀၀၀ ကျပ်နဲ့ ရိဒ် နယ်စပ်မှာ ၉၀၀ ကျပ်ဈေး ဖြစ်ကြောင်းသိရပါတယ်။ဆွေဆွေဝင်း၊MIRT (DCCA)