မြိတ်နဲ့ မောင်တောဒေသ ဆန်ဈေးအတက်အကျရှိပြီး ကျန်ဒေသများတွင် ဆန်ဈေးတည်ငြိမ်နေ

မြိတ်နဲ့မောင်တောနယ်စပ် ဒေသ ရှိ ဆန်ဈေးနှုန်း အတက်အကျရှိနေပြီး ကျန်နယ်စပ်ဒေသအသီးသီးတွင် ယခင် အပတ်ဆန်ဈေးနှုန်းများအတိုင်း ပြောင်း လဲမှု မရှိဘဲတည်ငြိမ်နေဆဲဖြစ်ပါတယ်။ မြိတ်နယ်စပ်ရဲ့ ဆန်ဈေးနှုန်းဟာ ယခင် အပတ်က ပေါ်ဆန်မွှေး တစ်ပြည်ကို ၁၂၀၀ ကျပ် ဈေးရှိခဲ့ရာမှ ယခုအပတ် မှာ ၁၃၀၀ ကျပ်သို့ဈေးပြန်တက် လာခဲ့ပါတယ်။ မောင်တောနယ်စပ်မှာ ယခင်အပတ်က ဧည့်မထဆန် တစ် ပြည်ကို ၆၀ဝိ ကျပ်ဈေးရှိခဲ့ရာမှ ယခု အပတ်တွင် ၅၈၀ ကျပ်သို့ဈေးကျခဲ့ ကြောင်း သိရပါတယ်။

မေလ ၁ ရက်မှ ၇ ရက်ထိ နယ် စပ်ဒေသများရှိ ဆန် ၁ ပြည်ဈေးနှုန်း များကို  Commerce Journal   စာဖတ် ပရိတ်သတ်များအား အသိပေးလိုက်ရ ပါတယ်။ ပေါ်ဆန်မွှေး တစ်ပြည်ကို မူဆယ်မှာ  ၁၆၅၀ ကျပ် လွယ်ဂျယ်မှာ ၁၇၉၂ ကျပ်၊ ချင်းရွှေဟော်မှာ ၂၀၀၀ ကျပ် ကော့သောင်းမှာ ၁၄၀၀ ကျပ်၊ မြိတ်မှာ ၁၃၀၀ ကျပ်၊ စစ်တွေမှာ ၈၀၀ ကျပ်ဈေးအသီးသီးရှိပါတယ်။ ဧည့်မထ ဆန် တစ်ပြည်ကို တာချီလိတ်ဒေသမှာ ၉၅၅ ကျပ်၊ မြဝတီဒေသမှာ ၁၀၀၀ ကျပ်၊ မောင်တောဒေသမှာ ၅၈၀ ကျပ် ဈေးရှိပါတယ်။ ဧရာမင်းဆန် ၁ ပြည် ကို တမူးနယ်စပ်မှာ ၁၀၀၀ ကျပ် နဲ့ ရိဒ် နယ်စပ်မှာ ၉၀၀ ကျပ်ဈေးဖြစ် ကြောင်း သိရပါတယ်။ဆွေဆွေဝင်း၊ MIRT (DCCA)