ပြည်ပမှဆန်တင်သွင်းမှုအပေါ် အားကိုးနေခဲ့ရသည့် ဖိလစ်ပိုင်သည် ပထမဆုံးအကြိမ်အဖြစ်ဆန်တင်ပို့

ပြည်ပမှ ဆန်တင်သွင်းမှုအပေါ် အားကိုးနေခဲ့ရတဲ့ ဖိလစ်ပိုင်နိုင်ငံက ဆယ်စုနှစ်များစွာကြာပြီး ကာလမှာ ပထမဆုံး အကြိမ်အဖြစ် ဆန်တင်ပို့တဲ့ နိုင်ငံဖြစ်လာတယ်။ ၂၀၁၃ ခုနှစ် မေလ ၆ ရက်နေ့က ရောင်စုံဆန်တန်ချိန် စုစု ပေါင်း ၃၅ တန် ကို ဒူဘိုင်းသို့ သင်္ဘော နဲ့တင်ပို့ခဲ့တယ်လို့ ဖိလစ်ပိုင်ဆန် သုတေ သနသိပ္ပံ (  Phil Rice) က ပြောကြား တယ်။ ၎င်း ၃၅ တန်မှာ အော်ဂဲနစ် ဆန် (အနက်ရောင်) တန်ချိန် ၁၅ နဲ့ ဆန်လုံးရှည်ဆန်မွှေး တန်ချိန်၂၀  ပါဝင် တယ်လို့ သိရတယ်။ ဖိလစ်ပိုင်က ပြည်ပမှ ဆန်တင်သွင်းမှု နှစ်ပေါင်းများ စွာ မှီခိုခဲ့ရပြီး ၂၀၁၀ မှာ တန်ချိန် ၂ ဒသမ ၄ သန်းဝန်းကျင်အထိ မှတ်တမ်း တင်ဖွယ် တင်သွင်းခဲ့ရတယ်။ ဒါပေမဲ့ အစိုးရက ဆန်အထွက်တိုးဖို့ ကြိုးပမ်း အားထုတ်မှုများစွာ ပြုလုပ်ခဲ့ရတယ်။ စပ်မျိုးစပါးများ တိုးမြှင့်ထုတ်လုပ်ခြင်း၊ ဓာတ်မြေသြဇာ အသုံးပြုမှုကို စနစ် တကျ စီမံခန့်ခွဲခြင်း၊ရေပေးဝေမှုလုပ် ငန်းများတိုးတက်အောင် ဆောင်ရွက် ပေးခြင်းများကို အစိုးရကအလေး ထား ဆောင်ရွက်ခဲ့ခြင်းကြောင့် စပါးအထွက် တိုးပြီးပြည်တွင်းစားသုံးမှုကိုဖြည့် ဆည်း ပေးနိုင်ခဲ့တဲ့ အတွက် ပြည်ပ မှတင်သွင်း ရမှု တဖြည်းဖြည်းကျ ဆင်းခဲ့တယ်။

၂၀၁၃ အတွက် ဆန်တန်ချိန် စုစု ပေါင်း ၁၈၇ယ၀၀၀ သာ တင်သွင်းဖို့ရည် မှန်းထားတယ်။ ပြည်တွင်းစားသုံးမှု အ တွက်မဟုတ်ပဲ အရန်သိုလှောင်ထားဖို့ သာဝယ်ယူတင်သွင်းရတယ်လို့ သိရ တယ်။  Phil Rice အဆိုအရ ၂၀၁၃ မတိုင်မီ ဖိလစ်ပိုင်မှ နောက်ဆုံးအနေနဲ့ ဆန်တင်ပို့ခဲ့တဲ့ခုနှစ်မှာ၁၉၇၃ ဖြစ်တယ် လို့သိရတယ်။ဒါပေမဲ့အမေရိကန်လယ် ယာ စိုက်ပျိုးရေးဌာန (USDA) စာရင်း များအရ ၁၉၈၀ ခုနှစ်များမှာ ဖိလစ်ပိုင် က ဆန်တန်ချိန် စုစုပေါင်း ၁၁၀ယ၀၀၀ ဝန်းကျင်တင်ပို့ခဲ့တယ်လိ့ု သိရတယ်။ပပ