စစ်တွေဒေသတွင် ဆန်ဈေး အနည်းငယ်တက်လာပြီး ကျန်ဒေသများတွင် ဆန်ဈေးတည်ငြိမ်နေ

စစ်တွေနယ်စပ်ဒေသရှိ ဆန်ဈေး နှုန်းမှာ အနည်းငယ်အတက်ရှိခဲ့သော် လည်း ကျန်နယ်စပ်ဒေသအသီးသီး တွင် ယခင်အပတ် ဆန်ဈေးနှုန်းများ အတိုင်း ပြောင်းလဲမှုမရှိဘဲတည်ငြိမ်နေ ပါတယ်။ စစ်တွေနယ်စပ်ရဲ့ဆန်ဈေးနှုန်း ဟာ ယခင်အပတ်က ပေါ်ဆန်းမွှေး ၁ ပြည်ကို ၈၀၀ ကျပ်ဈေးရှိခဲ့ရာ ယခု အပတ် မှာ ၉၀၀ ကျပ်သို့ဈေးပြန်တက် လာခဲ့ကြောင်း သိရပါတယ်။

မေလ ၈ ရက်မှ ၁၄ ရက်ထိ နယ် စပ်ဒေသများရှိ ဆန် ၁ ပြည်ဈေးနှုန်း များကို Commerce Journal  စာဖတ် ပရိတ်သတ်များအား အသိပေးလိုက် ရပါတယ်။ ပေါ်ဆန်မွှေး ၁ ပြည်ကို မူဆယ်မှာ  ၁၆၅၀ ကျပ်၊ လွယ်ဂျယ်မှာ ၁၇၉၂ ကျပ်၊ ချင်းရွှေဟော်မှာ ၂၀၀၀ ကျပ် ကော့သောင်းမှာ ၁၄၀၀ ကျပ်၊ မြိတ်မှာ ၁၃၀၀ ကျပ်-စစ်တွေမှာ ၉၀၀ ကျပ်ဈေး အသီးသီးရှိပါတယ်။ ဧည့် မထဆန် ၁ ပြည်ကို တာချီလိတ်ဒေသ မှာ ၉၅၅ ကျပ်၊ မြဝတီဒေသမှာ ၁၀၀၀ ကျပ်၊ မောင်တောဒေသမှာ ၅၈၀ ကျပ် ဈေးရှိပါတယ်။ ဧရာမင်းဆန် ၁ ပြည် ကို တမူးနယ်စပ်မှာ ၁၀၀၀ ကျပ်နဲ့ ရိဒ်နယ်စပ်မှာ ၉၀၀ ကျပ်ဈေးဖြစ် ကြောင်း သိရပါတယ်။ဆွေဆွေဝင်း MIRT (DCCA)