မကွေးဈေးကွက်မှာ ပဲစင်းငုံနီဈေးမြင့်ပြီး ကုလားပဲဈေးကျလာ

မကွေးဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီကို ရန်ကုန်အဝယ်ပြန် လိုက်လာတာကြောင့် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၀၃၅ ကျပ် (တစ်တန်ကို ၆၃၃၈၂၃ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၂၀၀ မှ ၄၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ကုလားပဲ(ထိုင်ဝမ်) ကိုတော့ မြို့ခံပဲခွဲစက်တွေက ဝယ်လိုအားပုံမှန်ရှိခဲ့ပေမယ့် ယခင်အ ပတ်နဲ့စာရင် ဈေးအနည်းငယ်ကျလာတယ်လို့ ဆိုပါတယ်။ အရောင်း အဝယ်အနေနဲ့ တစ်ပိဿာ ၉၅၃ ကျပ်(တစ်တန်ကို ၅၈၃၆၀၇ ကျပ်) ဈေးနဲ့ တစ်ရက်ကိုအိတ် ၂၅၀ မှ ၃၀၀ ကြား အရောင်းအဝယ်ဖြစ်ခဲ့ တယ်လို့ သိရပါတယ်။