မန္တလေးဈေးကွက်မှာ ပဲစင်းငုံနီ၊ ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲ(ထိုင်ဝမ်) ဈေးမြင့်ပြီး ပဲတီစိမ်းဈေးကျလာ

မန္တလေးဈေးကွက်မှာ ဒီတစ်ပတ်ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်  အဆွဲပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ် ပိဿာကို ၁၀၄၂ ကျပ်(တစ်တန်ကို ၆၃၈၁၁၀ ကျပ်)ဈေးနဲ့ နေ့စဉ် အိတ် ၈၀၀ မှ ၁၀၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါ တယ်။ ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲ(ထိုင်ဝမ်)ကို ရန်ကုန်ဝယ်လက် နဲ့ ဒေသတွင်းပဲခွဲစက်တွေက အဝယ်ဆုံတာကြောင့် ယခင်အပတ်နဲ့ စာရင် ဈေးမြင့်လာပြီး အရောင်းအဝယ်ဖြစ်မှုပမာဏလည်း များခဲ့ တယ်လို့ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက ကုလားပဲဖြူလုံးကြီး တစ်ပိဿာ ၉၈၀ ကျပ်(တစ်တန်ကို ၆၀၀၁၄၂ ကျပ်)ကုလားပဲ (ထိုင်ဝမ်) တစ်ပိဿာ ၉၆၀ ကျပ်(တစ်တန်ကို ၅၈၇၈၉၄ ကျပ်)ဈေး နဲ့နှစ်မျိုးပေါင်း တစ်ရက်ကိုအိတ် ၈၀၀ မှ ၁၀၀၀ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပဲတီစိမ်းကြီးကိုတော့ တရုတ်ဝယ်လက်က အရည်အသွေးပေါ်မူတည်ပြီး တွက်ချက်ဝယ်ယူမှုတွေရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျလာပြီး တစ်ပိဿာကို ၁၃၆၉ ကျပ်(တစ်တန်ကို ၈၃၈၃၆၁ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၁၀၀၀ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ နှမ်းမျိုး စုံကိုတော့ တရုတ်ဝယ်လက်နဲ့ ဒေသတွင်းဆီစက်တွေက ဝယ်လိုအား ပုံမှန်ရှိပေ မယ့် ရောင်းသူကုန်သည်တွေထံမှာတော့ ပစ္စည်းလက်ကျန် နည်းသွားပြီလို့ ဈေးကွက်အတွင်းမှ သိရပါတယ်။ အရောင်း အဝယ်  ဖြစ်မှု အနေနဲ့ နှမ်းဖြူတစ်ပိဿာ ၂၈၄၄ ကျပ်၊ နှမ်းညိုတစ်ပိဿာ ၂၄၄၄ ကျပ်၊ နှမ်းကြားတစ်ပိဿာ ၂၃၅၆ ကျပ်၊ နှမ်းနက်တစ်ပိဿာ ၃၁၅၀ ကျပ်ဈေးနဲ့ နှမ်းမျိုးစုံတစ်ရက်ကိုအိတ် ၇၀၀ ခန့်အရောင်းအ ဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။