ရာသီဥတုကောင်းမွန်လာလို့ ဈေးကွက်အများစု ဈေးငြိမ် ဈေးအေးလာ

ရန်ကုန်တိုင်းဒေသကြီး၊ ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း)ရဲ့ ၂၀၁၃ ခုနှစ်၊ မေလ ၂၃ ရက်နေ့ ဆန်ဈေးကွက်မှာ ဧည့်မထ ဆန် လတ်စတစ်အိတ် ၁၇၂၀၀ ကျပ်၊ ပေါ်ဆန်းဆန်လတ်စ တစ်အိတ် ၂၄၀၀၀ကျပ် ဖြစ်ပါတယ်။ ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ရင်ဆန်ဈေး အနည်းငယ်ကျသွားပါတယ်။ ယခင်အပတ်မုန်တိုင်းရှိစဉ် ကာလ ကုန် စည်ဒိုင်သို့ ဆန်အဝင်နည်းစဉ် မုန်တိုင်းကြောင့် အဝယ်သွက်နေ၍ ဈေးများရုတ်တရက် တက်ခဲ့ရာမှ ယခုအခါ ဒိုင်သို့ ဆန်များပုံမှန်ပြန် ဝင်နေပြီး အရောင်းအဝယ်မှာ ပြန်အေးသွားသဖြင့် ဆန်များဈေး အနည်းငယ် ပြန်ကျသွားရခြင်းဖြစ်ကြောင်း သိရပါတယ်။ မူဆယ် လိုင်းမှလည်း ဆန်ကွဲအချို့သာ အဆွဲရှိနေကြောင်း၊ မြဝတီလိုင်း မှာမူ ပြည်တွင်းဆန်ကွဲဈေးတက်နေမှုကြောင့် မသွားနိုင်ဖြစ်နေကြောင်း လျှပ်စစ်မီးမမှန်တော့သဖြင့် စက်ကြိတ်အားကျနေခြင်းနှင့် တောင်သူ များမှလည်း စပါးဈေးကိုစောင့်ကာ လိုအပ်သလောက်သာ ထုတ် ရောင်းနေမှုများနှင့် ဒေါ်လာဈေးတက်နေမှုများကြောင့် ဆန်ဈေးနှုန်း များမှာ ဈေးအမြင့်မှာသာရှိနေနိုင်မယ်လို့ ခန့်မှန်းကြောင်း ဆန်ဈေး ကွက်မှ သိရပါတယ်။

ပဲခူးတိုင်းဒေသကြီး(အနောက်)၊ ပြည်မြို့ရဲ့ ၂၀၁၃ ခုနှစ်၊ မေလ ၂၃ ရက်နေ့ စပါး၊ ဆန်ဈေးကွက်မှာ ဧည့်မထစပါးဈေးတစ် တင်း ၃၇၇၂ ကျပ်၊ ဆန်လတ်စ တစ်အိတ် ၁၄၀၀၀ ကျပ်၊ ပေါ်ဆန်း ဆန်လတ်စ တစ်အိတ် ၂၃၀၀၀ ကျပ်ဖြစ်ပါတယ်။ ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ရင် ဈေးနှုန်း ပြောင်းလဲမှု မရှိဘဲ ဈေးငြိမ်နေ ပါတယ်။ ဒေသတွင်း သုံးစွဲမှုကြောင့် အရောင်းအဝယ်သွက်ပြီး အဝယ်လိုက် ကာ ရန်ကုန်သို့ ပုံမှန်စီးဝင်မှု ရှိနေကြောင်း သိရပါတယ်။ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရဲ့ ၂၀၁၃ ခုနှစ်၊ မေလ ၂၃ ရက်နေ့ စပါး၊ ဆန်ဈေးကွက်မှာ ဧည့်မထစပါးဈေး တစ်တင်း ၃၉၅၆ ကျပ်၊ ဆန်လတ်စ တစ်အိတ် ၁၆၀၀၀ ကျပ်၊ ပေါ်ဆန်း စပါးဈေး တစ်တင်း ၅၂၅၇ ကျပ်၊ ဆန်လတ်စ တစ်အိတ် ၂၄၀၀၀ ကျပ်ဖြစ်ပါတယ်။ ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ရင် ဆန်ဈေးအနည်းငယ် တက်လာပါတယ်။ မဟာစင်မုန်တိုင်းဖြစ်ပေါ်မှုကြောင့် ကုန်စည်ပို့ ဆောင်မှု ရပ်တန့်ခဲ့ခြင်း၊ ဧရာဝတီတိုင်းဒေသကြီး အတွင်း လျှပ်စစ် ပါဝါသုံးဆန်စက်များ လည်ပတ်မှုပိတ်ထားခြင်း၊ တောင်သူများ အနေ ဖြင့်ယခုနှစ် တွင်မိုး၊ နွေစပါးများ ဈေးကောင်းရရှိခြင်း၊ မတ်ပဲ၊ ပဲတီစိမ်း ဈေးများ သင့်တင့်စွာရရှိခြင်း တို့ကြောင့် ငွေကြေး အဆင်ပြေမှုရှိလာ ပြီး မိမိလက်ဝယ်ကျန်ရှိသော စပါးများကို တက်ဈေးမျှော်ပြီး လက် ရှိတွင် ရောင်းချမှုမရှိခြင်း၊ အထွက်နှုန်းလျော့နည်းခြင်း၊ ဆန် ကြိတ် ထွက်နှုန်းလျော့နည်းခြင်းနဲ့  အထက် အညာဒေသများတွင် ယခုနှစ် ရေရှားပါးမှုကြောင့် ဆည်ရေသောက် စပါးများ ဖြစ်ထွန်းမှုနည်းပါး၍ ယခင်နှစ်ကထက် အညာဒေသသို့ ဆန်တင်ပို့မှု များပြားခြင်းတို့ကြောင့် ဖြစ်ကြောင်း သိရပါတယ်။ ပဲခူးတိုင်းဒေသကြီး(အရှေ့) ပဲခူးမြို့ရဲ့ ၂၀၁၃ ခုနှစ်၊ မေလ ၂၃ ရက်နေ့ စပါး၊ ဆန်ဈေးကွက်မှာ ဧည့်မထ စပါးဈေးတစ်တင်း ၃၆၅၀ ကျပ်၊ ဆန်လတ်စတစ်အိတ် ၁၅၅၀၀ ကျပ်၊ ပေါ်ဆန်း စပါး ဈေးတစ်တင်း ၄၈၅၀ ကျပ်၊ ဆန်လတ်စ တစ်အိတ် ၂၀၅၀၀ ကျပ် ဖြစ်ပါတယ်။ယခင်တစ်ပတ်နဲ့နှိုင်းယှဉ်ရင် စပါးဈေး၊ ဆန်ဈေးငြိမ် နေ ပါတယ်။နွေစပါးပေါ်နေပြီဖြစ်၍ စပါးဈေးအနည်းငယ်တက်လာ နိုင် ကြောင်း၊ မြို့နယ်အလိုက် ဧည့်မထဆန် အရောင်းအဝယ်သွက်နေ ပြီး စီးဆင်းမှု မှန်ကန်နေတယ်လို့ သိရပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ရဲ့ ၂၀၁၃ ခုနှစ်၊ မေလ ၂၃ ရက်နေ့စပါး၊ ဆန်ဈေးကွက်မှာ ဧည့်မထ(မနော်) စပါးဈေး တစ် တင်း ၆၃၀၀ ကျပ်၊ ဆန်လတ်စတစ်အိတ် ၂၆၀၀၀ ကျပ်၊ ပေါ်ဆန်း ဘေးကြား စပါးဈေးတစ်တင်း ၈၅၀၀ ကျပ်၊ ဆန်လတ်စတစ်အိတ် ၃၀၀၀၀ ကျပ်ဖြစ်ပါတယ်။ ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ရင် ဆန်ဈေး၊ စပါးဈေးအနည်းငယ်ကျသွားပါတယ်။ ရွှေဘိုမြို့ စက်မှုဇုန်မှာ ဆန်၊ စပါးကြိတ်ခွဲသော ဆန်စက်များ အပါအဝင် အခြားကုန်ထုတ်လုပ်ငန်း များကို လျှပ်စစ်ဓာတ်အားဖြတ်တောက်ထားမှုကြောင့် စပါးကြိတ်ခွဲ အားနည်း၍ အရောင်းအဝယ်အနည်းငယ်သာရှိခြင်း၊ စောရှုတ်၊ မနော်၊ ၇၄၇ စပါးအမျိုးအစားများမှာ ပစ္စည်းလက်ကျန် မရှိသလောက် နည်းပါးလာတာကြောင့်တစ်ကြောင်း၊ ၎င်း စပါးအမျိုးအစားများကို ဆန် စက်များမှအနည်း ငယ်သာကြိတ်ခွဲရခြင်းကြောင့်တစ်ကြောင်း၊အရောင်း အဝယ်ပါးလာပါတယ်။ ရွှေဘိုပေါ်ဆန်းစပါးအနေဖြင့် အနည်းငယ် သာ အရောင်းအဝယ်ဖြစ်ပြီး ဝယ်လိုအားအနည်းငယ်သာရှိခြင်း တို့ကြောင့်ဖြစ်ကြောင်း သိရပါတယ်။MIRT - DOTP