နယ်စပ်ဒေသများတွင် ဆန်ဈေးနှုန်းများတည်ငြိမ်နေ
ယခုတစ်ပတ်မှာတော့ နယ်စပ် ဒေသ အသီးသီးရှိ ဆန်ဈေးနှုန်းများ အပြောင်းအလဲမရှိ တည်ငြိမ်နေတာ ကို တွေ့ရပါတယ်။ မေလ ၁၅ ရက်မှ ၂၁ ရက်ထိနယ်စပ်ဒေသများရှိဆန် ၁ ပြည် ပေါက်ဈေးများကို Commerce Journal စာဖတ်ပရိတ်သတ်များအား အသိပေး လိုက်ရပါတယ်။ ပေါ်ဆန်မွှေး ၁ ပြည်ကို မူဆယ်မှာ ၁၆၅၀ ကျပ်၊ လွယ်ဂျယ်မှာ ၁၇၉၂ ကျပ်၊ ချင်းရွှေဟော်မှာ ၂၀၀၀ ကျပ်၊ ကော့သောင်းမှာ ၁၄၈၀ ကျပ်၊ မြိတ်မှာ ၁၃၀၀ ကျပ်၊ စစ်တွေမှာ ၉၀၀ ကျပ်ဈေးအသီးသီးရှိပါတယ်။ ဧည့်မထ ဆန် ၁ ပြည်ကို တာချီလိတ်ဒေသမှာ ၉၅၅ ကျပ်၊ မြဝတီဒေသမှာ ၁၀၀၀ ကျပ်၊ မောင်တောဒေသမှာ ၈၅၀ ကျပ် ဈေး ရှိပါတယ်။ ဧရာမင်းဆန် ၁ ပြည် ကို တမူးနယ်စပ်မှာ ၁၀၀၀ ကျပ်နဲ့ ရိဒ် နယ်စပ်မှာ ၉၀၀ ကျပ်ဈေးအသီးသီး ဖြစ်ကြောင်း သိရပါတယ်။ဆွေဆွေဝင်း MIRT (DCCA)
