ရုရှား၊ မလေးရှား၊ ထိုင်းနဲ့ ကနေဒါမှ မြေသြဇာများဝင်
ရုရှား၊ မလေးရှား၊ ထိုင်းနဲ့ ကနေဒါမှ မြေသြဇာများဝင်
ပြည်တွင်းကို မေလ ၁၂ ရက်မှ ၁၈ ရက်အတွင်း ပင်လယ်ရေကြောင်းကုန် သွယ်မှုလမ်းမှ ကန်ဒေါ်လာ ဆယ်သိန်းကျော်တန်ဖိုးရှိ မြေသြဇာ ၃၄၂၈ တန်ကို တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ မလေးရှားနိုင်ငံမှ မြေသြဇာ ၈၁၀ တန်၊ ရုရှား နိုင်ငံမှ မြေသြဇာ ၁၂၅၈ တန်၊ ထိုင်းနိုင်ငံမှ မြေသြဇာ တန်ချိန် ၇၂၀၊ အာရပ်စော် ဘွားများပြည်ထောင်စုနိုင်ငံမှ မြေသြဇာတန်ချိန် ၅၀၀ ၊ ကနေဒါနိုင်ငံမှ ပိုတက် မြေသြဇာတန်ချိန် ၁၄၀ တင်သွင်းလာခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ဝင်လာ ခဲ့တဲ့မြေသြဇာအမျိုးအစားများမှာ ပိုတက်၊ ကွန်ပေါင်း၊ NPK စတဲ့ အမျိုးအစားများ ဝင်လာခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်မြေသြဇာအဝင်က တန်ချိန် ခုနှစ် ရာကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် နှစ်ထောင့်ခြောက်ရာကျော်အဝင် ပိုခဲ့တယ်လို့ သိရပါတယ်။ MIRT (DOT)
အရောင်းအဝယ်ပုံမှန်ဈေးကွက်ရှိနေတဲ့ ဓာတ်မြေသြဇာ
ပြည်တွင်းကို ရေလမ်းမှ မြေသြဇာအဝင်က မေလ ၁၂ ရက်မှ မေလ ၁၈ ရက်အတွင်း တန်ချိန် သုံးထောင့်လေးရာကျော် ဝင်ခဲ့တာကြောင့်ဒီတစ်ပတ် ရေလမ်း မှ မြေသြဇာတန်ချိန်နှစ်ထောင့်ခြောက်ရာကျော် အဝင်ပိုခဲ့ပါတယ်။ပြည်တွင်းဈေးကွက်များဖြစ်တဲ့ မော်လမြိုင်၊ တောင်ကြီး၊ ပဲခူး ဈေးငြိမ် နေပေမဲ့ မကွေးနဲ့ မန္တလေးမှာ ဈေးနည်း နည်း မြင့်လာတယ်လို့ သိရပါတယ်။ မိုးကျ လာတာကြောင့် ဒီတစ်ပတ်မှာ မြေသြဇာအရောင်းအဝယ်လိုက်လာ တယ်လို့ို့ သိရပါ တယ်။ ပဲခူးဈေးကွက်မှာလည်း ဒီတစ်ပတ် မြေသြဇာအရောင်းအဝယ် ပုံမှန်ရှိတယ် လို့ သိရပါတယ်။ အရောင်းအဝယ် ပုံမှန်ရှိပေမဲ့လည်း မြေသြဇာဈေးက ဈေးငြိမ်နေ တယ်လို့ သိရပါတယ်။ဒီလိုဈေးငြိမ်နေ တာ တော်တော်ကြာနေပြီ။ အရောင်းအဝယ် အေးတာလည်းကြာနေပြီ။ ဒီတစ်ပတ်မှ နည်းနည်းရောင်းအား ရှိလာတာ လို့ မြေသြဇာ ရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦးမှ ဆိုပါတယ်။ဒီတစ်ပတ်ဈေးကွက်ထဲ အရောင်း အဝယ်ဖြစ်နေတဲ့ေ ဈးမှာယူရီးယား-ပုလဲ (ပန်းဖူး) ၂၀၀၀၀ ကျပ်၊ ယူရီးယား (ရွှေတောင်) ၂၀၀၀၀ ကျပ်၊ ယူရီးယား (ကမ္ဘာလုံး) ၂၀၅၀၀ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်တယ်လို့ ဈေးကွက်အတွင်းမှ စုံစမ်းရရှိခဲ့ပါတယ်။ တောင်ကြီးဈေးကွက်မှာ မြေသြဇာကဒီတစ်ပတ်မှာလည်း အရောင်း အဝယ် ပုံမှန်ရှိတယ်လို့ သိရပါတယ်။ အရင်မှန်းထားတဲ့အတိုင်းမေလရောက်လာတော့ မြေ သြဇာရောင်းအားရှိလာတယ်။ ဒီအချိန်ကဓာတ်ဆားနဲ့ ပုလဲ မြေသြဇာတွေအသုံးများ တယ်။ အသုံးများပြီး ရောင်းအားရှိပေမဲ့လည်း မြေသြဇာဈေးက ဒီတစ်ပတ်မှာ ဈေးမတက်ဘူး။ ဒီတစ်ပတ် ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်တဲ့ဈေးမှာ ယူရီးယား-ပုလဲ (ကမ္ဘာလုံး၊ပန်းဖူး၊ရွှေတောင်) (တရုတ်) ၂၀၀၀၀ ကျပ်၊တီစူပါ ၁၂%(တရုတ်) ၈၀၀၀ ကျပ်၊ တီစူပါ ၁၆% (တရုတ်) ၈၅၀၀ ကျပ်၊တီစူပါ ၁၅း၁၅း၁၅ (တရုတ်) ၃၅၀၀၀ ကျပ်၊ တီစူပါ ၁၀း၁၀း၅ (တရုတ်) ၁၄၅၀၀ ကျပ်၊ ဓါတ်ဆား(တရုတ်) ၁၅၀၀၀ ကျပ်၊ ပိုတက် (တရုတ်) ၂၄၅၀၀ ကျပ်၊ ယူရီးယား(ယူအေအီး) ၁၉၅၀၀ ကျပ်၊ မြှားကမ္ဘာ ၁၄၅၀၀ ကျပ်ဈေးရှိတယ်လို့ အရှေ့မြို့ပတ်လမ်းမှာရှိတဲ့ မြေသြဇာအရောင်း ဆိုင်မှ စုံစမ်းသိရှိရပါတယ်။မန္တလေးမြေသြဇာဈေးကွက်မှာ မြေသြဇာက ဒီတစ်ပတ်မှာ အရောင်း အဝယ်လိုက်လာတယ်လို့ သိရပါတယ်။ အဝယ်လိုက်လာသလို မြေသြဇာဈေးက လည်း နည်းနည်းတက်လာတယ်လို့ သိရပါတယ်။ ဒီလိုဈေးမြင့်ရတာကလည်း သယ် ယူကားခဈေးမြင့်တာကြောင့်လည်း ဈေးမြင့်ရတယ်လို့ သိရပါတယ်။ ယူရီးယား (ရွှေတောင်) ၆၀၀ ကျပ်ဈေးမြင့်သလို ပန်းဖူး ၁၀၀ ကျပ်၊ တီစူပါ၄၆% ၇၀၀ ကျပ်၊ တီစူပါ ၁၆% ၈၀၀ ကျပ်၊ တီစူပါ၁၂% ၁၂၀၀ ကျပ်၊ကွန်ပေါင်း ၁၀း၁၀း၅ ၉၀၀ ကျပ်ဈေးမြင့်လာတယ်လို့ သိရပါ တယ်။ ဒီတစ်ပတ်အရောင်းအဝယ်ဖြစ်တဲ့ ဈေးမှာယူရီးယား(ရွှေတောင်-တရုတ်)၁၉၃၀၀ ကျပ်၊ ယူရီးယား (ပန်းဖူး-တရုတ်) ၁၉၇၀၀ ကျပ်၊ တီစူပါ (GTSP ၄၆%-တရုတ်) ၁၉၉၀၀ ကျပ်၊ တီစူပါ (GSSP ၁၆%-တရုတ်) ၈၉၀၀ ကျပ်၊ တီစူပါ (GSSP ၁၂%-တရုတ်)၈၂၀၀ ကျပ်၊ ကွန်ပေါင်း ၁၀း၁၀း၅ ၁၄၀၀၀ ကျပ်နဲ့အရောင်းအဝယ်ဖြစ်တယ်လို့ ၃၂လမ်း၊ ၈၆-၈၇ကြား ပွဲရုံတန်းမှ စုံစမ်းသိရှိရပါတယ်။မကွေးဈေးကွက်မှာ မြေသြဇာ က ဒီတစ်ပတ်မှာ အရောင်းပုံမှန်ရှိ တယ် လို့ မြေသြဇာရောင်းဝယ်ရေး လုပ်ငန်း ရှင် တစ်ဦးက ပြောပါတယ်။အရောင်း ပုံမှန်ရှိပေမဲ့ ဈေးကနည်းနည်းမြင့်လာ တယ်လို့ သိရပါတယ်။ မြှားကမ္ဘာနဲ့ အာမိုက ၁၀၀၀ ကျပ်ဈေးမြင့်လာသလို ဆင် ၁၀း၁၀း၅ ၈၀၀ ကျပ်၊ ယူရီးယား (ရွှေတောင်-တရုတ်)၅၀၀ကျပ်၊ တောင် သူမ ၇၀၀ ကျပ် ဈေးမြင့်လာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ဈေးကွက်ထဲ အရောင်းအဝယ် ဖြစ်နေတဲ့ဈေးက မြှား ကမ္ဘာ-တရုတ်(အစိမ်း) ၁၅၀၀၀ ကျပ်၊ (အပြာ) ၁၅၀၀၀ ကျပ်၊ဆင် ၁၀း၁၀း၅ ၁၄၈၀၀ ကျပ်၊ အာမို (၁၀း၁၀း၅) ၁၆၀၀၀ ကျပ်၊ အာမို (၁၅း၁၅း၁၅) ၃၅၀၀၀ ကျပ်၊ အာမို(၁၆း၁၆း၈) ၃၃၀၀၀ ကျပ်၊ ယူရီး ယား-ပုလဲ-(ပန်းဖူး-တရုတ်) ၂၀၇၀၀ ကျပ်၊ ယူရီးယား-ပုလဲ(ရွှေတောင်-တရုတ်) ၂၀၃၀၀ ကျပ်၊ ပိုတက် ၂၃၇၀၀ ကျပ်၊ အောင်ကမ္ဘာ ၁၀း၁၀း၅ ၁၆၀၀၀ ကျပ်၊ တောင်သူမ ၁၄၇၀၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်တယ်လို့ သိရပါတယ်။MIRT (DOT)
