မြင်းခြံဈေးကွက်မှာ ပဲစင်းငုံနီတစ်မျိုးတည်းသာ ပုံမှန်အရောင်းအဝယ်ဖြစ်
မြင်းခြံဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီတစ်မျိုးထဲသာ ပုံမှန် အရောင်းအဝယ်ဖြစ်နေပြီး ကျန်ပဲမျိုးစုံကတော့ အရောင်းအဝယ်အေး နေကြောင်း သိရပါတယ်။ ပဲစင်းငုံနီကို ရန်ကုန်အဆွဲက ဒီတစ်ပတ် မှာ အဆွဲသွက်လာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၀၆၀ ကျပ်(တစ်တန်ကို ၆၄၉၁၃၃ ကျပ်)ဈေးနဲ့တစ် ရက်ကို အိတ် ၃၀၀ မှ ၄၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
