ဟင်္သာတဈေးကွက်မှာ မတ်ပဲနဲ့ အစေ့ထုတ်ပြောင်း အရောင်းအဝယ်သွက် လို့ဈေးမြင့်
ဟင်္သာတဈေးကွက်မှာ ဒီတစ်ပတ်မတ်ပဲကို အိတ်စပို့အတွက် ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက်အဆွဲသွက်နေသလို ဒေသခံလှောင် လက်ကုန်သည်ကြီးများကလည်း ဝယ်အားပုံမှန်ရှိတာကြောင့် ယခင် အပတ်နဲ့ စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၈၉၅ ကျပ်(တစ်တန် ကို ၅၄၈၀၈၉ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၄၀၀၀ ခန့်အရောင်းအ ဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ဒေသထွက်အစေ့ထုတ် ပြောင်းကိုလည်း ရန်ကုန်-မန္တလေးဝယ်လက်က ဝယ်လိုအားပုံမှန်ရှိ သလို ရောင်းသူကုန်သည်များကလည်း အဆိုပါဈေးနဲ့ အရောင်းများ ခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၄၂၅ ကျပ်ဈေးနဲ့ တစ်ရက်ကိုအိတ် ၁၅၀၀ ခန့်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
