တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှုမှ ဝင်ငွေကန်ဒေါ်လာ ၁ ဘီလီယံထိ ရရှိရန် ပါကစ္စတန်မျှော်မှန်း

ပါကစ္စတန်နိုင်ငံ၊ဟာတရုတ်နိုင်ငံသို့ ဆန်တင်ပို့မှုမှ ဝင်ငွေ ကန်ဒေါ်လာ ၁ ဘီလီယံထိ တိုးတက်ရရှိနိုင်ကြောင်း၊ ၎င်း ဝင်ငွေ ပမာဏဟာ ပါကစ္စတန်နိုင်ငံရဲ့ စုစုပေါင်း ဆန်တင်ပို့မှုမှ ရရှိတဲ့ ဝင်ငွေရဲ့ ၅၀ ရာခိုင်နှုန်းခန့်ရှိကြောင်း ပါကစ္စတန် နိုင်ငံ စီးပွားရေးကောင်စစ်ဝန်က ပြောကြားတယ်။

တရုတ်နိုင်ငံက မကြာသေးခင်နှစ်များအတွင်းမှာ ပါကစ္စ တန် ဆန်ကို အဓိကတင်သွင်းနေတဲ့ ဈေးကွက်ထွန်းသစ်စနိုင်ငံ အဖြစ်ကို ရောက်ရှိလာခဲ့တယ်။ ၂၀၁၀ - ၁၁ ခုနှစ်က ဆန် တန်ချိန် ၆၀၀ ၀၀၀ ခန့်သာ တင်သွင်းခဲ့ရာမှ ၂၀၁၂ - ၁၃ ခုနှစ်မှာ တန်ချိန်ပေါင်း ၂ ဒသမ ၃၄ သန်း၊ တန်ဖိုးအနေနဲ့ ကန်ဒေါ်လာ ၁ ဒသမ ၁၂၅ ဘီလီယံခန့် အထိ တင်သွင်းမှု တိုးတက်ခဲ့တယ်။ တရုတ်နိုင်ငံက ၂၀၁၃ - ၁၄ ခုနှစ်မှာ ကမ္ဘာ့ဆန်အများ ဆုံး တင်သွင်းတဲ့ နိုင်ငံအဖြစ် ဆန်တန်ချိန်ပေါင်း ၃ သန်းခန့် တင်သွင်းရမယ်လို့ မျှော်မှန်းရပြီး၊ ၂၀၂၀ ခုနှစ်မှာ တန်ချိန် ပေါင်း ၇ သန်းခန့်အထိ တိုးတက်လာနိုင်တယ်လို့ မျှော်မှန်း ထားတယ်။ ပါကစ္စတန်ဆန်က ကမ္ဘာ့ဈေးကွက်အတွင်းမှာ ဈေးနှုန်းယှဉ်ပြိုင်နိုင်မှုကြောင့် တရုတ်နိုင်ငံကို အဓိကဆန် တင်ပို့သူနေရာကို ရောက်ရှိလာခဲ့တယ်။ ၂၀၁၂ ခုနှစ်က တရုတ်နိုင်ငံ ဆန်တင်သွင်းမှု စုစုပေါင်းရဲ့ ၂၅ ရာခိုင်နှုန်း ၊ တန်ချိန်ပေါင်း ၅၈၀၀၀၀ ခန့် အထိ တင်ပို့ခဲ့ရတယ်။ ပါကစ္စတန်နိုင်ငံက ၂၀၁၁ ခုနှစ်မှာ တရုတ်နိုင်ငံကို ဆန်တင်ပို့မှုမှ ဝင်ငွေ ကန်ဒေါ်လာ ၄ ဒသမ ၂၇၈ သန်းဖိုး ရရှိခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် တန်ဖိုးအားအနေနဲ့ အဆပေါင်း ၆၀ ကျော် တိုးတက်ပြီး ကန်ဒေါ်လာ ၂၆၈ ဒသမ ၆၉ သန်း ဖိုး တင်ပို့နိုင်ခဲ့တယ်။ တကယ်လို့ အစိုးရမှ လိုအပ်တာတွေကို ပံ့ပိုးပေးမယ်ဆိုပါက တရုတ်နိုင်ငံကို ဆန်တင်ပို့မှုမှ ကန်ဒေါ် လာ ၁ ဘီလီယံဖိုးအထိ တိုးတက်ရရှိမှာဖြစ်ကြောင်း ပြည်တွင်း သတင်းဌာနများက ဆိုပါတယ်။ တရုတ်နိုင်ငံသို့ ဆန်တိုးတက်တင်ပို့ခြင်းဟာ တရုတ်နဲ့ ပါကစ္စတန် နှစ်နိုင်ငံကုန်သွယ်ရေးမှာ ကြီးမားစွာ လိုငွေ ပြနေမှုကို လျှော့ချဖို့အတွက် အထောက်အကူဖြစ်စေနိုင် တယ်လို့ ပါကစ္စတန်နိုင်ငံ ဆန်တင်ပို့သူများအသင်းက ပြော ကြားတယ်။ တရုတ်နိုင်ငံဘက်မှလည်း သွင်းကုန်ကိုတာ ကန့် သတ်ချက်နဲ့ အခြားသော ကုန်သွယ်မှု အတားအဆီးတွေ လျော့ချပေးရေးကို ကျင်းပဖို့ရှိတဲ့ နှစ်နိုင်ငံ လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီမှု အစည်းအဝေးများနဲ့ ဆန် တိုးတက်တင်ပို့ရေးအတွက် ယခုလအတွင်းမှာ လာရောက် မယ့် တရုတ်ကိုယ်စားလှယ် အဖွဲ့ကို ပါကစ္စတန်အစိုးရမှ တိုက် တွန်း ပြောကြားသင့်ကြောင်း ကုန်သည်များမှ ပြောကြား တယ်။                           စန္ဒာပျို