ရှမ်းပြည်နယ်တောင်ပိုင်း လဲချားမြို့နယ်မှာ ဒေသစပါးမျိုးအစား အထွက်တိုး တရုတ်စပါးမျိုး စိုက်သူများလာ

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင် လင် ခရိုင်၊ လဲချားမြို့နယ်မှာ ၂၀၁၃-၂၀၁၄မိုးစပါးအတွက်ဒေသ စပါးအမျိုး အစားအထွက်တိုးတရုတ်စပါးမျိုးစိုက်ပျိုး သူများလာကြောင်းသိရပါတယ်။လဲချား မြို့နယ်ဟာ ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင်မှာ စပါးစိုက်ပျိုးထုတ်လုပ် မှုအများဆုံးမြို့နယ်ဖြစ်ပြီး၊ လဲချားမြို့ နယ် မှထွက်ရှိသော ဆန်နဲ့စပါးများကို ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်၊ ပင်လုံ၊ မိုင်းရှူးဒေသများအပြင် ရှမ်းပြည် နယ်မြောက်ပိုင်းသီပေါ၊ လားရှိုး၊ မူဆယ် ဒေသများအထိ တင်ပို့ရောင်းချမှုရှိပြီး၊ ယခုအခါယခင်ကထက်ပိုမိုတင်ပို့ရောင်း  ချနိုင်ရန်အတွက် အထွက်နှုန်း ကျဆင်း လျက်ရှိတဲ့ ဒေသစပါးမျိုးများအစား တရုတ်စပါးမျိုးများဖြစ်တဲ့ အမှတ် ၁၂ နဲ့ ၁၆ စပါးမျိုးများကို စိုက်သူများ ကြောင်း၊ အဆိုပါစပါးမျိုးများမှာ တစ် ဧကအထွက်နှုန်း တင်း ၂၀၀ မှ ၂၂၀ အထိထွက်ရှိပြီး၊ အထူးသဖြင့် အမှတ် ၁၂ စပါးမျိုးမှာနောင်နှစ်မှာမျိုးစပါး ဝယ် ရန်မလိုဘဲ မျိုးခံပြီး ထပ်မံစိုက်ပျိုးလို့ ရ ကြောင်း၊ဒုတိယမျိုးဆက် မှာလည်းအထွက် နှုန်းမှာ၁၈၀၊၂၀၀ တင်းထွက်ရှိကြောင်း၊ ယင်းစပါးမျိုးများမှထွက်ရှိသောဆန် မှာ ဒေသခံများစား သုံးရာမှာကြိုက်နှစ်သက် ပြီး၊ ရှမ်းပြည်နယ်မြောက်ပိုင်းဈေးကွက် ကလည်းကြိုက်နှစ်သက်ကြောင်း၊ ယခင် နှစ်ကစိုက် ပျိုးခဲ့သူ တောင်သူတစ်ဦးရဲ့ အဆိုအရ သိရပြီး၊ လဲချားမြို့နယ်မှာ ၂၀၁၃-၂၀၁၄ မိုးစပါးစိုက်ဧက လယ် မြေ ၁၇၄၄၃ ဧကရှိတဲ့အနက် ၇၀ရာခိုင် နှုန်းမှာ အထွက်တိုး တရုတ်စပါးမျိုးများ စိုက်ပျိုးမှုရှိတဲ့အပြင် အဆိုပါအထွက်တိုး စပါးမျိုးများကို ရှမ်းပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာနအစီအစဉ်နဲ့ အင်းလေးဒေသရှိ တောင်သူအချို့ထံသို့ စမ်းသပ်စိုက် ပျိုး ရန် စပါးမျိုးဖြန့်ဝေထားကြောင်း၊ ရှမ်း ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဝင်း လှိုင်နဲ့လဲချားဒေသ ခံ တောင်သူတချို့ ရဲ့ ပြောပြချက်အရသိရပါတယ်။မင်းအောင်-တောင်ကြီး