အောင်လံဈေးကွက်မှာ ပဲစင်းငုံနီနဲ့ ကုလားပဲ (ထိုင်ဝမ်) ပုဲမှန်အရောင်းအဝယ်ဖြစ်
အောင်လံဈေးကွက်မှာ ဒီတစ်ပတ်ပဲစင်းငုံနီကို ရန်ကုန်ဝယ် လက်က ဈေးပေးအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေး အနည်းငယ်မြင့်လာပြီး တစ်ပိဿာကို ၁၀၄၅ ကျပ် (တစ်တန်ကို ၆၃၉၉၄၇ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၃၀၀ မှ ၄၀၀ ကြား အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရပါတယ်။ကုလားပဲ(ထိုင်ဝမ်)ကို မြို့ခံပဲခွဲစက်တွေက ဝယ်လိုအား ပုံမှန်ရှိသလို ရောင်းသူကုန်သည် များကလည်း အဆိုပါဈေးနဲ့ ပုံမှန်အရောင်းရှိနေတယ်လို့ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၉၅၀ ကျပ်(တစ်တန်ကို ၅၈၁၇၇၀ ကျပ်)ဈေးနဲ့နေ့စဉ် အိတ် ၂၅၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါ တယ်။
