မန္တလေးဈေးကွက်မှာ ပဲတီစိမ်းနဲ့ပဲစင်းငုံနီဈေးမာပြီး မတ်ပဲ၊ ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲ(ထိုင်ဝမ်) ဈေးတန့်နေ

မန္တလေးဈေးကွက်မှာ ဒီတစ်ပတ် ပဲမျိုးစုံဈေးကွက်တွင် ပဲတီ စိမ်းနဲ့ပဲစင်းငုံနီ ဈေးမာလာပြီး မတ်ပဲ၊ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲ (ထိုင်ဝမ်)ကဈေးတန့်နေကြောင်း ပြောင်းရှမ်း၊ ပြောင်းဗမာနဲ့ စီပီ ပြောင်းတို့ကအရောင်းရောအဝယ်ပါသွက်နေကြောင်း ဈေးကွက် အ တွင်းမှ သိရပါတယ်။ပဲတီစိမ်း(ခရမ်းရွှေဝါ)နဲ့စာရင် ပဲတီစိမ်း(အညာ) ကိုတရုတ်ဝယ်လက်အရည်အသွေးအပေါ်မူတည်ပြီး ဈေးပေးအဝယ် ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၄၂၂ ကျပ် (တစ်တန်ကို ၈၇၀၈၁၈ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၁၀၀၀ မှ ၁၃၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း မြို့ခံ ပဲကုန် သည်တစ်ဦးက ဆိုပါတယ်။ဈေးကွက်မှာ ပဲစင်းငုံနီအနေနဲ့ ပြည်ပ အတွက် ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက်က အဝယ်ပြန်လိုက်လာတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်မြင့်လာကြောင်း သိရ  ပါတယ်။အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၁၀၄၂ ကျပ်(တစ်တန် ကို ၆၃၈၁၁၀ ကျပ်)ဈေးနဲ့နေ့စဉ် အိတ် ၁၀၀၀ ခန့်ဖြစ်ခဲ့ကြောင်းသိ ရပါတယ်။မတ်ပဲကတော့ ရန်ကုန်အဆွဲပါးပြီး မြို့ခံပဲခွဲစက်တွေက တော့ ဝယ်လိုအားပုံမှန်ရှိပေမယ့် ဈေးကအပြောင်းအလဲမရှိဘဲ ဈေးတန့်နေတယ်လို့ဆိုပါတယ်။အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ကို ၈၃၃ ကျပ်(တစ်တန်ကို ၅၁၀၁၂၀ ကျပ်)ဈေးနဲ့တစ်ရက်ကို အိတ် ၇၀၀ ခန့်ဖြစ်ခဲ့ကြောင်း ဈေးကွက်အတွင်းမှ သိရပါတယ်။ကုလားပဲ ဖြူလုံးကြီးနဲ့ ကုလားပဲ(ထိုင်ဝမ်)ကို ရန်ကုန်ဝယ်လက်နဲ့ အိန္ဒိယဝယ် လက်အဆွဲအေးပေမယ့် ဒေသတွင်းပဲခွဲစက်များနှင့် လက်ကြီးလှောင် လက်သမားတွေကြောင့်  အရောင်းအဝယ်ပုံမှန်လည်ပတ်နေတယ် လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက ကုလားပဲဖြူလုံးကြီး တစ်ပိဿာ ၉၄၃ ကျပ်၊ တစ်တန်ကို ၅၇၇၄၈၃ ကျပ် ကုလားပဲ(ထိုင် ဝမ်) တစ်ပိဿာကို ၉၄၅ ကျပ် (တစ်တန်ကို ၅၇၆၈၇၁ ကျပ်)ဈေးနဲ့ နှစ်မျိုးပေါင်း တစ်ရက်ကို အိတ် ၈၀၀ ခန့်ဖြစ်ခဲ့ကြောင်းသိရပါတယ်။ ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲ(ထိုင်ဝမ်)ကအရောင်းရောအဝယ်ပါ မျှနေလို့ ကုန်စည်စီးဆင်းမှုသွက်လက်လျက်ရှိပြီး အိန္ဒိယအဆွဲမျှော် တဲ့ လှောင်လက်တွေရှိသလို ဒိုင်အခေါ်ပုခုံးပြောင်း ပုခုံးလွှဲပြုလုပ် တဲ့ပွဲစားကုန်သည်ငယ်များကလည်း သွက်သွက်လက်လက်အရောင်း အဝယ် ပြုလုပ်မှုတွေ ရှိတာကြောင့် ကုလားပဲဖြူလုံးကြီးနဲ့ကုလားပဲ (ထိုင်ဝမ်)ဈေးက ယခုဈေးနဲ့ပဲ တန်းပြီး ငြိမ်နေနိုင်ကြောင်း ပဲခွဲစက် လုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။ပြောင်းသီးနှံမျိုးစုံဈေးကွက်သို့ အဝင် ပုံမှန်ရှိသလို တရုတ်ဝယ်လက်နဲ့ဒေသတွင်းအစာစပ်လုပ်ငန်းရှင်များက လည်း ဝယ်လိုအားပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေး မာလာကြောင်း ပွဲရုံရပ်ကွက်က ဆိုပါတယ်။ အရောင်းအဝယ် ဖြစ်မှု က ပြောင်းရှမ်း တစ်ပိဿာ ၄၉၁ ကျပ်၊ဗမာပြောင်း ၄၄၄ ကျပ် စီပီပြောင်း ၄၉၀ ကျပ်ဈေးနဲ့ ပြောင်းမျိုးစုံတစ်ရက်ကို အိတ် ၂၀၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း မြို့ခံ ပြောင်း ကုန်သည်တစ်ဦးက ဆိုပါတယ်။