ဟင်္သာတဈေးကွက်မှာ မတ်ပဲကို ရန်ကုန်ဝယ်လက် ဝယ်အား ပုံမှန်ရှိနေ
ဟင်္သာတ ဈေးကွက်မှာ မတ်ပဲကို ဒေသခံ လှောင်လက် ကုန်သည်ကြီးများနဲ့ ပြည်ပအတွက်ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက် ကဝယ်လိုအား ပုံမှန်ရှိပေမယ့်ဈေးက တက်မလာသေးဘဲ အရောင်း အဝယ်တော့နေ့စဉ်ပုံမှန် ဖြစ်ခဲ့ကြောင်းသိရပါတယ်။အရောင်းအဝယ် ဖြစ်မှုက တစ်ပိဿာ ၈၇၃ ကျပ် (တစ်တန်ကို ၅၃၄၆၁၆ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၁၀၀၀ မှ ၂၀၀၀ ကြားဖြစ်ခဲ့တယ်လို့ ဈေးကွက် အတွင်းမှသိရပါတယ်။
