မိုးစပါးစိုက်ပျိုးချိန်နဲ့ ရာသီဥတုကြောင့် ဈေးကွက်အများစုတွင် စပါးဈေး အနည်းငယ်မြင့်
ရန်ကုန်တိုင်းဒေသကြီး၊ ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း)ရဲ့ ၂၀၁၃ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့ ဆန်ဈေးကွက် မှာ ဧည့်မထဆန် လတ်စတစ်အိတ် ၁၇၂၀၀ ကျပ်၊ပေါ်ဆန်း ဆန်လတ်စ တစ်အိတ် ၂၄၀၀၀ ကျပ် ဖြစ်ပါတယ်။ ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ရင် ဈေးနှုန်း ပြောင်းလဲမှုမရှိဘဲ ဈေးငြိမ်နေပါတယ်။ ဝါးတန်း ကုန်စည်ဒိုင်သို့ ဆန် ဝင်ရောက်မှုနဲ့ အရောင်းအဝယ်မှာ ပုံမှန် သာရှိနေကြောင်းနဲ့ မိုးဦးကာလအစ အသွားအလာခက်ခဲ၍ စပါးဈေး တိုးပေးသော် လည်း အရောင်းပါးနေကြောင်း ဆန်စပါးဈေးကွက်မှ သိရပါတယ်။
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရဲ့ ၂၀၁၃ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့ စပါး၊ ဆန်ဈေးကွက်မှာ ဧည့်မထစပါးဈေးတစ်တင်း ၄၀၀၀ ကျပ်၊ ဆန်လတ်စ တစ်အိတ် ၁၆၅၀၀ ကျပ်၊ ပေါ်ဆန်းစပါးဈေး တစ်တင်း ၅၂၅၇ ကျပ်၊ ဆန်လတ်စ တစ်အိတ် ၂၄၀၀၀ ကျပ်ဖြစ်ပါ တယ်။ ယခင်တစ်ပတ် နဲ့ နှိုင်းယှဉ် ရင် ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ ဈေး ငြိမ်နေပါတယ်။ ဒေသတွင်း စားသုံးမှုနဲ့ အရောင်းအဝယ်ပုံမှန်ရှိပါ တယ်။ ရန်ကုန်အဆွဲရှိနေပြီး တစ်နေ့ အနည်းဆုံး အိတ် ၃၀၀-၄၀၀ မှ အများဆုံး အိတ် ၈၀၀-၁၀၀၀ ခန့်ရှိတယ်လို့ သိရပါတယ်။ ပဲခူးတိုင်းဒေသကြီး(အရှေ့) ပဲခူးမြို့ရဲ့ ၂၀၁၃ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့ စပါး၊ ဆန်ဈေးကွက်မှာ ဧည့်မထစပါးဈေး တစ်တင်း ၃၈၀၀ ကျပ်၊ ဆန်လတ်စ တစ်အိတ် ၁၆၀၀၀ ကျပ်၊ ပေါ်ဆန်းစပါးဈေး တစ်တင်း ၅၁၀၀ ကျပ်၊ ဆန်လတ်စ တစ်အိတ် ၂၂၀၀၀ ကျပ်ဖြစ် ပါတယ်။ ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ရင် စပါးဈေး၊ ဆန်ဈေး အနည်း ငယ်တက်လာပါတယ်။ စပါးလက်ကျန် ကုန်သလောက်ရှိနေပြီဖြစ်လို့ စပါးဈေးများတက်လာ ရခြင်း ဖြစ်ပါတယ်။ မိုးတွင်းကာလဖြစ်လို့ လမ်း ပန်းဆက်သွယ်ရေးခက်ခဲတာကြောင့် ဝယ်ယူမှု၊ သယ်ယူမှု စရိတ်များ လည်း အနည်းငယ် တက်လာတယ်လို့ သိရပါတယ်။ ရှမ်းပြည်နယ်၊ မန္တလေး မြို့များသို့ အဆွဲရှိ၍ ဒိုက်ဦးဘက်မှ တင်ပို့ကြောင်းနဲ့ မူဆယ်၊ မြဝတီ အဆွဲများအတွက် ဝေါဘက်မှ တင်ပို့ကြောင်း သိရပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ရဲ့ ၂၀၁၃ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့စပါး၊ ဆန်ဈေးကွက်မှာ ဧည့်မထ(မနော်) စပါးဈေး တစ် တင်း ၆၂၀၀ ကျပ်၊ ဆန်လတ်စ တစ်အိတ် ၂၇၀၀၀ ကျပ်၊ ပေါ်ဆန်း ဘေးကြားစပါး ဈေး တစ်တင်း ၈၂၀၀ ကျပ်၊ ဆန်လတ်စ တစ်အိတ် ၂၈၅၀၀ ကျပ်ဖြစ်ပါတယ်။ ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ရင် ဆန်ဈေး၊ စပါးဈေး အနည်းငယ်ကျသွားပါတယ်။ ရွှေဘိုစက်မှုဇုန်ရှိ ဆန်စက် များကြိတ်ခွဲရန်အတွက် လျှပ်စစ်ဓာတ်အားကို အပိုင်းလိုက်ခွဲ၍ပေး သဖြင့် ကြိတ်ခွဲခွင့်ကို အချိန်ပိုင်းသာရရှိခြင်းကြောင့် ကြိတ်ခွဲအား လည်းနည်းကြောင်းသိရ ပါတယ်။ သို့ဖြစ်၍ဆန်ဈေးအရောင်းအဝယ် အေးနေပြီး ရွှေဘိုပေါ်ဆန်းနဲ့ ဧရာမင်း ဆန်၊ စပါး ဈေးအေးသော် လည်း ရွှေဘိုပေါ်ဆန်းမှာ ဧရာမင်းထက် အရောင်းအဝယ်အနည်း ငယ် ပိုဖြစ်ပြီး ဝယ်လိုအားလည်း အနည်းငယ်ပိုရှိကြောင်း သိရပါ တယ်။ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရဲ့ ၂၀၁၃ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့ စပါး၊ ဆန်ဈေးကွက်မှာ ဧည့်မထစပါးဈေး တစ်တင်း ၄၂၀၀ ကျပ်၊ ဆန်လတ်စ တစ်အိတ် ၁၅၅၀၀ ကျပ်၊ ပေါ်ဆန်းစပါးဈေး တစ်တင်း ၅၇၀၀ ကျပ်၊ဆန်လတ် စ တစ်အိတ် ၂၁၀၀၀ ကျပ်ဖြစ်ပါတယ်။ ယခင် တစ်ပတ်နဲ့ နှိုင်းယှဉ်ရင် ဧည့်မထဆန်ဈေး စပါးဈေးနဲ့ပေါ်ဆန်း ဆန် ဈေးတို့ငြိမ်နေပြီး ပေါ်ဆန်းစပါးဈေး အနည်းငယ်တက်လာ ပါတယ်။ စပါးလက်ကျန်နည်းနေပြီး စပါးစိုက်ပျိုးရန် ပျိုးထောင်ချိန်သာဖြစ်နေ တယ်လို့ သိရပါတယ်။ ဒေသတွင်း စားသုံးမှုပုံမှန်ရှိနေပြီး အရောင်း အဝယ်မှာလည်း ပုံမှန်သာရှိတယ်လို့ သိရပါတယ်။MIRT - DOTP
