အိန္ဒိယဆန်နှင့်ဂျုံ ပြည်တွင်းဈေးနှုန်းများ တည်ငြိမ်သွားစေရေးအတွက် အစိုးရက သိုလှောင်ထားသော ဆန်နှင့် ဂျုံတန်ချိန်အချို့ကို ရောင်းချသွားမည်

အိန္ဒိယဆန်နဲ့ ဂျုံပြည်တွင်း ဈေး နှုန်းများ တည်ငြိမ်သွားစေရေး အတွက် အစိုးရက သိုလှောင်ထားတဲ့ ဆန်နဲ့ ဂျုံ တန်ချိန်အချို့ကို ရောင်းချသွားမယ်လို့ အိန္ဒိယနိုင်ငံ စားနပ်ရိက္ခာဝန်ကြီးက ကြေညာလိုက်ကြောင်း Oryza.com မှာဖော်ပြထားပါတယ်။ဂျုံတန်ချိန် ၁၀ သန်းကိုဈေးကွက်များမှာ ရောင်းချသွား မှာ ဖြစ်ပြီး နောက်ထပ်ဂျုံနဲ့ဆန်တန်ချိန် ၇ ဒသမ ၅ သန်းကို အစိုးရပိုင်ဆိုင်များ မှ တစ်ဆင့် ရောင်းချသွားမယ်လို့ သိရ တယ်။၂၀၁၃ခုနှစ်ဇွန်လ ၁ရက်နေ့အထိ စာရင်းအရ အိန္ဒိယအစိုးရ လက်ဝယ်သို လှောင်ထားရှိတဲ့ ဆန်တန်ချိန် စုစုပေါင်း မှာ ၃၃ သန်းရှိပြီး ဂျုံတန်ချိန် စုစုပေါင်း မှာ ၄၄ သန်းခန့်ရှိတယ်လို့ သိရတယ်။
အစိုးရက နှစ်စဉ်နှစ်တိုင်း တစ်နှစ် တာ စပါးစိုက်ပျိုးထုတ်လုပ်မှု စုစုပေါင်း ရဲ့ သုံးပုံတစ်ပုံကို အနိမ့်ဆုံး အထောက် အပံ့နှုန်း (MSP)  ပေးပြီး ဝယ်ယူလေ့ ရှိတယ်။ ၂၀၁၂-၂၀၁၃ သီးနှံနှစ်အတွင်း စပါးဝယ်ယူတဲ့ (MSP)  နှုန်းထားမှာ တစ်ကွမ်တယ်ကို ၁၂၅၀ ရူပီး (တစ်တန် ကို အမေရိကန်ဒေါ်လာ ၂၃၀ ဝန်းကျင်)ဖြစ်သော်လည်း ၂၀၁၃-၂၀၁၄ သီးနှံနှစ်မှာ(MSP) ကို တိုးမြှင့်ကာ တစ်ကွမ်တယ်ကို ၁၃၁၀ ရူပီး (တစ်တန်လျှင် အမေရိ ကန်ဒေါ်လာ၂၃၄) အထိပေးမယ်လို့သိရတယ်။ပပ