မောင်တောနယ်စပ်မှ လွဲ၍ ကျန်နယ်စပ်ဒေသများတွင် ဆန်ဈေး တည်ငြိမ်လျက်ရှိ

မောင်တောနယ်စပ်ဒေသရှိ ဆန် ဈေးနှုန်းမှာ ယခင်အပတ်ထက် အနည်း ငယ်အတက်ရှိခဲ့သော်လည်း ကျန် နယ် စပ်ဒေသအသီးသီးတွင် ယခင်အပတ် ဆန် ဈေးနှုန်းများအတိုင်း ပြောင်းလဲမှု မရှိဘဲတည်ငြိမ်နေပါတယ်။မောင်တော နယ်စပ်ရဲ့ ဆန်ဈေးနှုန်းဟာ ယခင် အပတ် က ဧည့်မထဆန် ၁ ပြည်ကို ၅၈၈ ကျပ်ဈေးရှိခဲ့ရာမှ ယခုအပတ်တွင် ၆၀၀ ကျပ်သို့ ဈေးအနည်းငယ် ထပ် တက်လာခဲ့ကြောင်း သိရပါတယ်။

ဇွန်လ ၁၂ ရက်မှ ၁၈ ရက်ထိ နယ်စပ်ဒေသများရှိ ဆန် ၁ ပြည် ဈေး နှုန်းများကို Commerce Journal စာဖတ်ပရိသတ်များအား အသိပေး လိုက်ရပါတယ်။ ပေါ်ဆန်မွှေး ၁ ပြည် ကို မူဆယ်မှာ  ၁၆၅၀ ကျပ်၊ လွယ်ဂျယ် မှာ ၁၇၉၂ ကျပ်၊ ချင်းရွှေဟော်မှာ ၂၀၀၀ ကျပ်၊ ကော့သောင်းမှာ ၁၄၀၀ ကျပ်၊ မြိတ်မှာ ၁၃၀၀ ကျပ်၊ စစ်တွေမှာ ၉၀၀ ကျပ်ဈေး အသီးသီးရှိပါတယ်။ ဧည့်မထဆန် ၁ ပြည်ကို တာချီလိတ် ဒေသမှာ ၉၅၅ ကျပ်၊ မြဝတီဒေသမှာ ၁၀၀၀ ကျပ်၊ မောင်တောဒေသမှာ ၆၀၀ ကျပ်ဈေးရှိပါတယ်။ ဧရာမင်း ဆန် ၁ ပြည်ကို တမူး နယ်စပ်မှာ ၁၀၀၀ ကျပ်နဲ့ ရိဒ်နယ်စပ်မှာ ၉၀၀ ကျပ် ဈေးပေါက်လျက်ရှိတယ်လို့ သိရပါ တယ်။ဆွေဆွေဝင်း၊ MIRT (DCCA)