ပြည်တွင်း ဆန်စပါးဈေးကွက် အများစု ဈေးငြိမ်နေ

 
ရန်ကုန်တိုင်းဒေသကြီး၊ ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း)ရဲ့ ၂၀၁၃ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့ ဆန်ဈေးကွက်မှာ ဧည့်မထဆန် လတ်စ တစ်အိတ် ၁၇၀၀၀ ကျပ်၊ ပေါ်ဆန်း ဆန်လတ်စ တစ်အိတ် ၂၃၅၀၀ ကျပ် ဖြစ်ပါတယ်။ ယခင် တစ်ပတ်နဲ့ နှိုင်းယှဉ်ရင် ဧည့်မထ ဆန်ဈေး အနည်းငယ်ကျသွားပြီး ပေါ်ဆန်းဆန်ဈေးငြိမ် နေပါတယ်။ မြို့တွင်း လက်လီဆန်ဈေးမှာ ငြိမ်နေပြီး တရုတ်၊ မူဆယ်လိုင်းသို့ ငစိန် ဆန်အချို့တင်ပို့မှုရှိသော်လည်းဆန်ကွဲ၊ ဖွဲအပို့ငြိမ်နေကြောင်း၊ မြဝတီ လိုင်းမှာလည်း အဆွဲမရှိဘဲ ငြိမ်နေတယ်လို့ သိရပါတယ်။

ဝါးတန်း ကုန်စည်ဒိုင်သို့ ဆန်အဝင်မှာ ပုံမှန်ဆက်ဝင်နေသော်လည်း အဝယ်မှာ အေးနေ သဖြင့် ဈေးအေးခြင်း၊ ဈေးကျခြင်းတို့ ပင်ဖြစ်နေကြောင်း၊ ကျောင်းဖွင့်ရာသီဖြစ်ခြင်းေ ကြာင့် ငွေကုန်ကြေးကျများ ကာ အရောင်း အဝယ်ပါးခြင်းနှင့် ပြည်ပ ဆန်အဝယ်ငြိမ်နေမှုတို့ကြောင့် ဆန်ဈေး ငြိမ်နိုင်ပါကြောင်း ကုန်စည်ဒိုင်မှ စုံစမ်းသိရှိရပါတယ်။
 
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရဲ့ ၂၀၁၃ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့ စပါး၊ ဆန်ဈေးကွက်မှာ ဧည့်မထစပါးဈေး တစ်တင်း ၄၀၀၀ ကျပ်၊ ဆန်လတ်စတစ်အိတ် ၁၆၅၀၀ ကျပ်၊ ပေါ်ဆန်း စပါးဈေးတစ်တင်း ၆၁၃၃ ကျပ်၊ ဆန်လတ်စတစ်အိတ် ၂၅၀၀၀ ကျပ်ဖြစ်ပါတယ်။ ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ရင် ဧည့်မထ ဆန်ဈေး၊ စပါးဈေးပြောင်းလဲမှုမရှိဘဲ ပေါ်ဆန်းဆန်နဲ့ စပါးဈေး အနည်းငယ် တက်လာပါတယ်။ စပါးလက်ကျန်နည်းလာတာ ကို အခြေခံပြီး ကုန် သည်၊ စက်ပိုင်များမှ ကြိုက်ဈေးခေါ်ရောင်းတဲ့အတွက် ဈေးတက် ရ ခြင်းဖြစ်ပါတယ်။ ရောင်း ဝယ်မှုအခြေအနေပုံမှန်သာရှိပြီး ပုသိမ်မှ အထွက်ကတော့ နေ့စဉ်အိတ် ၄၀၀ မှ ၁၀၀၀ ကြားရှိနေပါတယ်။ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ရဲ့ ၂၀၁၃ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့ စပါး၊ ဆန်ဈေးကွက်မှာ ဧည့်မထ စပါးဈေးတစ်တင်း ၃၈၅၀ ကျပ်၊ ဆန်လတ်စ တစ်အိတ် ၁၆၀၀၀ ကျပ်၊ ပေါ်ဆန်စပါးဈေး တစ်တင်း ၅၁၀၀ ကျပ်၊ ဆန်လတ်စတစ်အိတ် ၂၂၀၀၀ ကျပ်ဖြစ်ပါ တယ်။ ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ရင် ဧည့်မထစပါးဈေး အနည်းငယ်မျှ သာ အတက်ရှိပြီး ဧည့်မထဆန်ဈေးနဲ့ ပေါ်ဆန်းဆန်ဈေး၊ စပါးဈေး ကတော့ ငြိမ်နေပါတယ်။ စပါးလက်ကျန်နည်းလာပြီး မရှိသလောက် ဖြစ်လာတဲ့အတွက်ကြောင့် ဈေးအနည်းငယ်တက်ခြင်းဖြစ်တယ်လို့ သိရပါတယ်။ မန္တလေး၊ မူဆယ်၊ မြဝတီ၊ ရှမ်းပြည်များသို့ ပုံမှန်တင်ပို့မှု ရှိနေကြောင်းလည်း သိရပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ရဲ့ ၂၀၁၃ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့ စပါး၊ ဆန်ဈေးကွက်မှာ ဧည့်မထ(စောရှုတ်) စပါးဈေး တစ်တင်း ၆၂၀၀ ကျပ်၊ဆန်လတ်စတစ်အိတ် ၂၆၀၀၀ ကျပ်၊ ပေါ် ဆန်းဘေးကြား စပါးဈေးတစ်တင်း ၈၁၀၀ ကျပ်၊ဆန်လတ်စတစ်အိတ် ၂၈၀၀၀ ကျပ်ဖြစ်ပါတယ်။ ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ရင် ဧည့်မထ (စောရှုတ်) စပါးဈေးနဲ့ ပေါ်ဆန်းဘေးကြားစပါးဈေးတို့ငြိမ်နေပြီး ဆန်ဈေးများကတော့ အနည်းငယ် ဈေး ကျလာပါတယ်။ ရွှေဘိုပေါ် ဆန်းဘေးကြားရဲ့ စပါးပစ္စည်း လက်ကျန်ရှိသော်လည်း စားသုံးမှုနည်း ခြင်း၊ အဝယ်နည်းခြင်းတို့ကြောင့် အရောင်းအဝယ်အေးနေကြောင်း သိရပါတယ်။ အောက်ပိုင်းမှ ဆန်များဈေးချိုစွာဖြင့် အဝင်များရှိနေတဲ့ အတွက် ဆန်ဈေး၊ စပါးဈေးအေးနေပြီးငြိမ်လျက်ရှိကြောင်း သိရပါ တယ်။ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရဲ့ ၂၀၁၃ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့ ဆန်ဈေးကွက်မှာ ဧည့်မထ ဆန် လတ်စ တစ်အိတ် ၁၇၅၀၀ ကျပ်၊ ပေါ်ဆန်းဆန်လတ်စ တစ်အိတ် ၂၉၅၀၀ ကျပ်ဖြစ်ပါတယ်။ ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ရင် ဆန်ကြမ်းအုပ်စုဖြစ်တဲ့ ဧည့်မထ (မနောသုခ) ဈေးကျလာပြီး၊ ဧရာဝတီပေါ်ဆန်းလည်း ဈေးကျလာ ပါတယ်။ စစ်ကိုင်း ရွှေဘိုပေါ်ဆန်းကတော့ ဈေးငြိမ်နေပါတယ်။ ပြည်ပတင်ပို့မှုနည်းပြီး ကျောင်းဖွင့်ရာသီ ဖြစ်တာကြောင့် အရောင်း အဝယ်အေးပြီး ဈေးကျနေတယ်လို့ ဆန်ပွဲရုံတွေက သိရှိရပါတယ်။MIRT - DOTP