အဝင်များလို့ ပြည်ချင်းဈေးကျ

ယခုတစ်ပတ်မှာ အောင်ပန်း၊ တောင်ကြီးဘက်မှ ချင်း(ဥမ)များ ပြည်ဈေးကွက် ပိဿာ ၃၀ ဝင်အိတ် ၂၀၀ ခန့် ပုံမှန်အဝင်ရှိပြီး၊ ယခင်အပတ်ထက် ဈေးနှုန်းမှာ လည်းတစ်ပိဿာကို ချင်းဥမ (ရှယ်) ၈၀၀ ကျပ်၊(ဂျွန်) ၆၅၀ ကျပ်၊ချင်းတက် တစ် ပိဿာကို(ရှယ်) ၁၂၀၀ ကျပ်၊ (ဂျွန်) ၁၀၀၀ ကျပ်တို့နဲ့ရောင်းဝယ်ဖြစ်တာကြောင့် ယခင်တစ်ပတ် ကထက်တစ်ပိဿာကို၂၀၀ ကျပ်ခန့်ဈေးကျသွားခဲ့ပါတယ်။ အရောင်း အဝယ်အားဖြင့် ယခုတစ်ပတ် ပြည်ဈေးကွက် အတွင်းမှာ လက်လီ၊ လက်ကားရောင်း ဝယ်သူများအပြင် ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်တို့ကို တင်ပို့မှု အပါအဝင် တစ်ရက် ကို ပိဿာချိန် ၁၅၀၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။  ဝင်းဝင်းခိုင် - ပြည်