ဘိလပ်မြေဈေးနှုန်းများ(24-6-13)

ထိုင်းနိုင်ငံမှ ဘိလပ်မြေများဝင်
ပြည်တွင်းကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ဇွန်လ ၉ ရက်မှ ၁၅ ရက်တာကာလအတွင်း ကန်ဒေါ်လာ ခုနှစ်သိန်းကျော်တန်ဖိုးရှိ ဘိလပ်မြေ ၈၂၃၄ ဒသမ ၉၀ တန်တင်သွင်းလာခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ထိုင်းနိုင်ငံထုတ် ဘိလပ်မြေ တစ်မျိုးသာဝင်လာတာတွေ့ရပါတယ်။ ယခင်တစ်ပတ် ဘိလပ်မြေအဝင်မှာ တန်ချိန်  တစ်သောင်းခုနှစ်ထောင်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်တင်ပို့မှုနဲ့ ယှဉ်ရင် တန်ချိန် နှစ်ထောင့်ကိုးရာကျော် အဝင်နည်းခဲ့တယ်လို့ သိရပါတယ်။
MIRT (DOT)

 
ဈေးကွက်လှုပ်ရှားမှုမရှိခဲ့တဲ့ ဘိလပ်မြေ
ဇွန်လ ၉ ရက်မှ ၁၅ ရက် သီတင်းပတ်တွင် ပြည်တွင်းကို ရေလမ်းမှ ဘိလပ်မြေတန်ချိန် ရှစ်ထောင်ကျော်သာ ဝင်လာခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် မှာတော့ ရေကြောင်းလမ်းမှ ဘိလပ်မြေအဝင်နည်းခဲ့တယ်လို့ သိရပါတယ်။ နယ် စပ်လမ်းမှ ဘိလပ်မြေအဝင်က ယခင်တစ်ပတ်မှာတန်ချိန် ခြောက်ထောင် ခြောက်ရာကျော်ရှိခဲ့ပြီး ယခုတစ်ပတ်အဝင်မှာ တန်ချိန် ရှစ်ထောင်ကျော်ရှိခဲ့တာ ကြောင့် ဒီတစ်ပတ်မှာ တန်ချိန်တစ်ထောင်လေးရာကျော် အဝင်ပိုခဲ့တယ်လို့ သိရ ပါတယ်။ ဒီတစ်ပတ်မှာ မိုးကောင်းနေတာကြောင့် အရောင်းအဝယ်တွေက အေးလာ တယ်လို့ို့ သိရပါတယ်။ဒီတစ်ပတ် ဘိလပ်မြေဈေးကွက်အခြေအနေများမှာ- တောင်ကြီးဈေးကွက်မှာ ဘိလပ်မြေက ဒီတစ်ပတ်မှာ အရောင်းအဝယ်ပါး တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ပါးသလို ဈေးကလည်း ငြိမ်နေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ဈေးကွက်ထဲ အရောင်း အဝယ်ဖြစ်နေတဲ့ ဈေးတွေက  ခြင်္သေ့ဘိလပ်မြေက ၅၂၀၀ ကျပ်၊ ကျားခေါင်းဘိလပ်မြေ က ၅၈၀၀ ကျပ်၊ နဂါးဘိလပ်မြေက ၆၄၀၀ ကျပ် အရောင်းအဝယ်ဖြစ်တယ်လို့ အနောက်မြို့ပတ် လမ်းမှာရှိတဲ့ ဘိလပ်မြေအရောင်း ဆိုင်မှ စုံစမ်းသိရှိခဲ့ပါတယ်။ မော်လမြိုင်ဘိလပ်မြေဈေးကွက်မှာ ဘိလပ်မြေက ဒီတစ်ပတ်မှာ အရောင်း        အဝယ်အေးတယ်လို့ သိရပါတယ်။ မိုးများလာတာကြောင့် ဆောက်လုပ်ရေးလုပ်ငန်း တွေလည်းနားနေရတယ်။ ဒါကြောင့်အရောင်း အဝယ်လည်းပါးလာတယ်။ အရောင်း အဝယ်ပါးသလို ဈေးကလည်းငြိမ်နေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်တဲ့ ဈေးက ယခင်တစ်ပတ်ဈေးအတိုင်း  ဆင် (ထိုင်း) ဘိလပ်မြေ ၅၁၀၀ ကျပ်၊ မြင်းခေါင်း ဘိလပ်မြေ ၄၂၀၀ ကျပ်၊ ကြံ့ (မြိုင်ကလေး) ဘိလပ်မြေ ၄၄၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ မန္တလေးဈေးကွက်မှာ ဘိလပ်မြေက အရောင်းအဝယ်ပုံမှန်ရှိတယ်လို့ သိရ ပါတယ်။ ဒီတစ်ပတ်မှာ ဘိလပ်မြေက အရောင်းအဝယ်ပံမှန်ရှိပေမဲ့ ဈေးက ဒီတစ် ပတ်မှာ ငြိမ်နေတယ်လို့ ဆိုပါတယ်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးမှာ အေသုံးလုံး ၅၇၀၀ ကျပ်၊ မြန်မာဆင် ၅၀၀၀ ကျပ်၊ ဆင်မင်း (ကျောက်ဆည်) ၅၀၀၀ ကျပ်၊ ကျားခေါင်း ၅၀၀၀ ကျပ်၊ မြင်းခေါင်း ၅၀၀၀ ကျပ်၊ ဆင်(ထိုင်း) ၇၀၀၀ ကျပ်၊ စိန်(ထိုင်း) ၇၁၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ ဘိလပ်မြေ အရောင်းဆိုင်မှ စုံစမ်းသိရပါတယ်။ ပဲခူးဈေးကွက်မှာ ဘိလပ်မြေဒီတစ်ပတ်မှာ အရောင်းအဝယ်အေးတယ်လို့ သိရပါတယ်။ မိုးကျ လို့ ဆောက်လုပ်ရေးလုပ်ငန်းခွင်လည်း တွင်ကျယ်မှုနည်းလာ တာကြောင့် အရောင်းအဝယ်အေးလာတယ်။ အရောင်းအဝယ်အေးသလို ဈေးက လည်း ဒီတစ်ပတ်မှာကျလာတယ်လို့ သိရပါတယ်။ ဆင်(ထိုင်း) ၄၀၀ ကျပ် ဈေး ကျလာသလို စိန်(ထိုင်း) ၅၀၀ ကျပ်၊ ကြံ့(မြိုင် ကလေး) ၂၀၀ ကျပ် ဈေးကျလာ တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးမှာ ဆင်(ထိုင်း) ၅၉၀၀ ကျပ်၊ စိန်(ထိုင်း) ၅၇၀၀ ကျပ်၊ ကြံ့(မြိုင်ကလေး) ၅၀၀၀ ကျပ် နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့  သိရပါတယ်။            MIRT (DOT)