နို့ဆီတန်ချိန် ငါးရာကျော်နဲ့ နို့မှုန့် တန်ချိန် သုံးဆယ်ကျော်ဝင်

သီတင်းတစ်ပတ်ဖြစ်တဲ့ ဇွန်လ ၉ ရက်မှ ၁၅ ရက်တာကာလအတွင်း ကန် ဒေါ်လာ ငါးသိန်းလေးသောင်းကျော် တန်ဖိုးရှိ နို့ဆီ ၅၀၅ ဒသမ ၀၈ တန် တင်သွင်း လာခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာဒွန်းနို့ဆီဝင်လာသလိုနို့စိမ်း လည်း ဝင်လာခဲ့တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်မှာ နို့ဆီအဝင်ကတန် ချိန် နှစ်ဆယ်ကျော်သာရှိခဲ့တာ ကြောင့် ဒီတစ်ပတ်မှာ နို့ဆီအဝင်များခဲ့တယ်လို့ ဆိုရပါမယ်။ နို့မှုန့်ကဒီတစ်ပတ်မှာ စင်ကာပူ နိုင်ငံ မှ ၃၁ ဒသမ ၅၁၄ တန်နဲ့ မလေး ရှားနိုင်ငံ မှ ၃ ဒသမ ၀၄၂ တန်တင် သွင်းလာတယ်လို့ သိရပါတယ်။ ယခင် သီတင်းပတ်မှာ နို့မှုန့်တန်ချိန် ငါးဆယ် ကျော်ဝင်ခဲ့တာကြောင့် ဒီတစ်ပတ်မှာ နို့မှုန့် ၁၉ တန်အဝင် လျော့ခဲ့ပါတယ်။MIRT (DOT)