တောင်ကြီးဈေးကွက်မှာ ပြောင်းဈေးစွာပြီး အရောင်းအဝယ်ဖြစ်မှုများ
တောင်ကြီးဈေးကွက်မှာ ဒီတစ်ပတ် ပြောင်းကို ရန်ကုန်-မန္တလေးဝယ်လက်နဲ့ ဒေသတွင်းအစာစပ်သမားများ အဝယ်ဆုံလို့ ယခင်အပတ်နဲ့ စာရင် ဈေးမြင့်လာပြီး တစ်ပိဿာ ၄၈၅ ကျပ်ဈေးနဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၂၀ သိန်းခန့် အရောင်းအဝယ်ဖြစ်ခဲ့ ကြောင်း ဒေသခံပြောင်းကုန်သည်တစ်ဦးက ဆိုပါတယ်။
