မြင်းခြံဈေးကွက်မှာ ပဲစင်းငုံနီဈေးဆက်လက်ကျလာ

မြင်းခြံဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက် က အဝယ်လျော့သွားတာကြောင့် ဈေးကအကျဘက်မှာရှိနေကြောင်း  သိရပါတယ်။ ပဲဈေးက တောက်လျှောက်ကျလာတော့ ရောင်းလက် တွေက အရောင်းနည်းတယ်။ ဒါကြောင့် ဈေးကွက်မှာ အရောင်းအ ဝယ်က ရက်ခြားသာဖြစ်ခဲ့တယ်လို့ မြို့ခံပဲကုန်သည်တစ်ဦးကဆိုပါ တယ်။ အရောင်းအဝယ်ဖြစ်တဲ့နေ့မှာဆိုရင် တစ်ပိဿာ ၉၈၀ ကျပ် (တစ်တန်ကို ၆၀၀၁၄၂ ကျပ်)ဈေးနဲ့ အိတ် ၂၀၀ ခန့်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။